Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း

စီမံကိန်း
မြစိမ်းရောင်ကျေးရွာ စီမံကိန်း
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း
အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း(မဟာဓာတ်အားလိုင်းပြင်ပ)
လူထုဗဟိုပြု စီမံကိန်း
တရုတ်နိုင်ငံIPRCCနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း
အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း
ကျေးလက်ရေပေးရေးစီမံကိန်းများ
လယ်ယာကုန်ထုတ်လမ်းစီမံကိန်းများ
ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း
ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း

ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း

၁။      နိဒါန်း

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး မျှော်မှန်း၍ လူမှုဘဝအဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းကာ အစိမ်းရောင်ဖွံ့ဖြိုးမှု ဖြစ်စဉ်ကိုအားပေးသည့် ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေးစီမံကိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ခေတ်မီစံပြ ကျေးရွာစီမံကိန်းသည် ဒစ်ဂျစ်တယ်နည်းပညာနှင့် သတင်းအချက်အလက်၊ ဆက်သွယ်ရေး နည်းပညာတို့၏ ပေါင်းစပ်ချဉ်းကပ်မှု နည်းလမ်းအပေါ်အခြေခံ၍ ကျေးလက်နေပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့် ရုပ်ပိုင်းဆိုင်ရာတို့တွင် ရေရှည်တည်တံ့သောနေရာများအဖြစ်သို့ ပြုပြင် ပြောင်းလဲသွားမည်ဖြစ်ပြီး သက်ဆိုင်သူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်သည့် ဘက်စုံကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည့် စီမံကိန်းတစ်ခုဖြစ်ပါသည်။

၂။       စီမံကိန်းရည်ရွယ်ချက်

  • ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှု အဆင့်အတန်းမြင့်မားလာစေရန်၊
  • သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊
  • သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသောနေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ် လာစေရန်၊
  • ကျေးရွာသူ/သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်၊

၃။      စီမံကိန်းဧရိယာ

  • ခေတ်မီစံပြကျေးရွာစီမံကိန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး(၁၅)ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
  • ဆက်လက်၍ ခေတ်မီစံပြကျေးရွာစီမံကိန်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး(၁၄)ခုတွင် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

၄။      ဆောင်ရွက်မည့်နည်းလမ်း

  • ပြည်သူဗဟိုပြုစနစ်ဖြင့် ကျေးရွာ၏ လိုအပ်ချက်များဖော်ထုတ်၍ ကျေးရွာဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • အစုအဖွဲ့၊ သမဝါယမစနစ်ဖြင့် ကျေးလက်စီးပွားမြင့်မားရေး ဆောင်ရွက်ခြင်း၊

၅။      စီမံကိန်းကျေးရွာရွေးချယ်ရာတွင် အခြေခံရမည့်မူများ

စီမံကိန်းကျေးရွာရွေးချယ်ရာတွင် အောက်ဖော်ပြပါအချက်များကို အခြေခံ၍ ပွင့်လင်း မြင်သာစွာ စိစစ်ရွေးချယ်ရမည်-

(က) ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံအဆောက်အအုံများ (စာသင်ကျောင်း၊ ဆေးပေးခန်း၊

        လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေး စသည့်.)အသင့်အတင့်ရှိသော ကျေးရွာ၊

( ခ)  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားစီးပွားရေး လုပ်ငန်းများဆိုင်ရာ လုပ်ငန်း

        အတွေ့အကြုံရှိပြီး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသောကျေးရွာ၊

( ဂ)  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားထုတ်ကုန်များ ဈေးကွက်သို့    ပို့ဆောင်ရန်

        လမ်းပန်းဆက်သွယ်ရေးလုံခြုံချောမွေ့သည့်ကျေးရွာ၊

(ဃ) အသက်မွေးဝမ်းကျောင်းလုပ်ငန်း(သို့) မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများအား အစု

        အဖွဲ့စနစ်ဖြင့် စုပေါင်းဆောင်ရွက်ရန် အလားအလာရှိသော ကျေးရွာ၊

( င)   တရားဥပဒေစိုးမိုးခြင်းနှင့်လုံခြုံရေးကောင်းမွန်ပြီး နယ်မြေတည်ငြိမ်အေးချမ်းသော ကျေးရွာ၊

( စ)  ကျေးရွာသူ/သားများ၏ စီမံကိန်းဆောင်ရွက်ရန် စိတ်အားထက်သန်မှု၊ စည်းလုံးညီ ညွှတ်

        မှု ရှိပြီး ဖွံ့ဖြိုးရေးအမှန်တကယ် ဆောင်ရွက်ရန် လိုအပ်သည့်ကျေးရွာ၊

(ဆ) အကျိုးခံစားရမည့် အိမ်ထောင်စု (၇၀)နှင့်အထက်ရှိသော ကျေးရွာ။

၆။      စီမံကိန်း၏အဓိကလုပ်ငန်းစဉ်များ

ဒီဂျစ်တယ်နည်းပညာနှင့်သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာများကိုအသုံးပြု၍ အောက်ဖော်ပြပါလုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်-

 (က) ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးရေး၊

( ခ) သွင်းအားစုနှင့်ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ ကူညီခြင်း၊

( ဂ) အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့်ကျေးရွာစီးပွားမြင့်မားစေခြင်း၊

(ဃ) အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့်နည်းပညာဖြန့်ဖြူးခြင်း၊

( င) လူမှုကာကွယ်စောင့်ရှောက်ရေး၊

( စ) သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး၊

၇။      ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု

          ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး(၁၅)ခု၊ မြို့နယ်(၄၁) မြို့နယ်ရှိ ကျေးရွာ(၄၃)ရွာတွင် ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်း(၁၇၆)ခု၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း(၁၁၂)ခု၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးရွာစီးပွားမြင့်မားရေးလုပ်ငန်း (၁၂၉)ခု၊ အသင်းအဖွဲ့ခိုင်မာအားကောင်းခြင်းနှင့်နည်းပညာဖြန့်ဖြူးခြင်း(၁၅၈)ခု၊ လူမှုကာကွယ်စောင့် ရှောက်ရေး(၁၄၂)ခု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး(၁၁၅)ခု စုစုပေါင်း(၈၃၂)ခုကို အကောင် အထည် ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။

၈။      အကျိုးကျေးဇူးများ

ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းဆောင်ရွက်ခြင်းဖြင့် ရရှိလာသော အကျိုး ကျေးဇူး များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ၊ ရှင်သန်ဖွံ့ဖြိုးလာစေခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းရရှိစေခြင်းနှင့် မိသားစုများ ဝင်ငွေတိုးပွားလာစေခြင်း၊
  • စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍများအတွက် ကျေးရွာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်းမြင့်မားခြင်း၊
  • ကျေးလက်နှင့်မြို့ပြအကြား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း၊ ဆက်သွယ်မှုများ စနစ်တကျ ပုံမှန်ချိတ်ဆက်ဆောင်ရွက်နိုင်စေခြင်း၊
  • ကျေးရွာစိတ်ဓါတ်၊ ကိုယ့်အားကိုယ်ကိုးစိတ်ဓါတ်များ ရှင်သန်ပြီး ကျေးရွာရှိ  အသင်းအဖွဲ့ စနစ်များ ခိုင်မာအားကောင်း၍ တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူ့အဖွဲ့အစည်းများ ဖြစ်ပေါ်လာစေခြင်း၊

၉။      စောင့်ကြည့်ကြီးကြပ်စစ်ဆေးခြင်း

          ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းသည် စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ် အောင်မြင်မှုရရှိစေရန် စီမံကိန်းကျေးရွာများရှိ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို သက်ဆိုင်ရာစီမံကိန်းကျေးရွာကော်မတီနှင့် ကျေးရွာလူထုမှ အနီးကပ်ကြီးကြပ် ဆောင်ရွက် သွားရမည်ဖြစ်ပါသည်။ စီမံကိန်းအကောင်အထည်ဖော်သည့်အဖွဲ့အစည်းများဖြစ်သည့် သမဝါယမ ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနနှင့်အခြားဆက်စပ်ဦးစီးဌာနများမှ ချိတ်ဆက်ပူးပေါင်းကာ ကွင်းဆင်းကြီးကြပ်ခြင်း၊ လိုအပ်သည့် နည်းပညာများပံ့ပိုးခြင်း၊ စီမံကိန်းဆိုင်ရာအခက်အခဲများကူညီဖြေရှင်းခြင်းများကို ဆောင်ရွက်သွား မည်ဖြစ်ကာ ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်ကျေးလက်ဦးစီးဌာနတို့မှ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ပါမည်။

စီမံကိန်းဆိုင်ရာအချက်အလက်များ

စီမံကိန်းအမည်

ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village)

ရည်ရွယ်ချက်

  • ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက် နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မား လာစေရန်၊
  • သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေး ခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊
  • သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့် စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ် လာစေရန်၊
  • ကျေးရွာသူ/သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင် ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကိုဖော် ဆောင် ရန်၊

ကာလ

(၂)နှစ် (၆)လ

ထောက်ပံ့ငွေပမာဏ

 

ဆောင်ရွက်သည့်နေရာ/

အကောင်အထည်ဖော်

ဆောင်ရွက်သည့်နေရာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး(၁၅)ခု၊

ထောက်ပံ့သည့်အဖွဲ့

အစည်း

နိုင်ငံတော်ရန်ပုံငွေ

ပူးပေါင်းဆောင်ရွက်သည့်

ဦးစီးဌာနများ

ထွေ/အုပ် ၊ မီးသတ်၊ ယာဉ်ထိန်းရဲ၊ ပြန်ဆက်၊ စိုက်ပျိုးရေး၊ စက်မှု လယ်ယာ ၊ ဆည်မြောင်းနှင့် ရေအရင်းအမြစ်၊ မွေး/ကု၊ သမဝါယမ ၊ အသေးစား၊ ကျေးလက်လမ်း၊ သစ်တော၊ ပတ်ထိန်း၊ ဘေးစီမံ၊ လျှပ်စစ်၊ လူဝင်မှုကြီးကြပ်ရေး ၊ ပညာရေး ၊ ကျန်းမာရေး၊ အားကာ၊ ကျေးလက် လမ်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီ၊

ဆောင်ရွက်သည့်နည်းလမ်း

  • ပြည်သူဗဟိုပြုစနစ်ဖြင့် ကျေးရွာ၏ လိုအပ်ချက်များဖော်ထုတ်၍ ကျေးရွာဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • အစုအဖွဲ့၊ သမဝါယမစနစ်ဖြင့် ကျေးလက်စီးပွားမြင့်မားရေး ဆောင် ရွက်ခြင်း၊

ဆောင်ရွက်သည့်လုပ်ငန်း

  • ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးရေး၊
  • သွင်းအားစုနှင့်ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီခြင်း၊
  • အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့်ကျေးရွာစီးပွားမြင့်မား
  •  
  • အသင်းအဖွဲ့များခိုင်မာအားကောင်းစေခြင်းနှင့်နည်းပညာ
  •  
  • လူမှုကာကွယ်စောင့်ရှောက်ရေး၊
  • သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး၊

အကျိုးကျေးဇူး/ရလဒ်

  • စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ၊ ရှင်သန် ဖွံ့ဖြိုးလာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေခြင်းနှင့် မိသားစုများ ဝင်ငွေတိုးပွားလာစေခြင်း၊
  • စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍ များအတွက် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုး တက် လာပြီး လူနေမှုအဆင့်အတန်းမြင့်မားခြင်း၊
  • ကျေးလက်နှင့်မြို့ပြအကြား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း၊ ဆက် သွယ်မှုများစနစ်တကျ ပုံမှန်ချိတ်ဆက်ဆောင်ရွက်နိုင်စေခြင်း၊
  • ကျေးရွာစိတ်ဓါတ်၊ ကိုယ့်အားကိုယ်ကိုးစိတ်ဓါတ်များ ရှင်သန်ပြီး ကျေးရွာရှိ  အသင်းအဖွဲ့ စနစ်များ ခိုင်မာအားကောင်း၍ တုံ့ပြန်နိုင် စွမ်းအားကောင်းသော လူ့အဖွဲ့အစည်းများ ဖြစ်ပေါ်လာစေခြင်း၊
 

 

# Title / Total Download