Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း

စီမံကိန်း
မြစိမ်းရောင်ကျေးရွာ စီမံကိန်း
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း
အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း(မဟာဓာတ်အားလိုင်းပြင်ပ)
လူထုဗဟိုပြု စီမံကိန်း
တရုတ်နိုင်ငံIPRCCနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း
အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း
ကျေးလက်ရေပေးရေးစီမံကိန်းများ
လယ်ယာကုန်ထုတ်လမ်းစီမံကိန်းများ
ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း
ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း

ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း

နိဒါန်း

၁။      ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို မျှော်မှန်း၍ လူနေမှုအဆင့်အတန်း မြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းသော အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးလက်စီးပွားမြင့်မား ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းသည် အစုအဖွဲ့နည်းလမ်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့၏ ထွက်ကုန်များကို ဈေးကွက်နှင့် စနစ်တကျ ချိတ်ဆက်၍ စဉ်ဆက်မပြတ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ခြင်းဖြစ်ဖြင့် စီးပွား ဖြစ်ကုန်ထုတ်လုပ်မှု (Commercial Scale) ကို တက်လှမ်းပိုင်ဆိုင်နိုင်ရန် ရည်မှန်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။ 

ရည်ရွယ်ချက်

၂။       ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ် ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိစေရန်၊

(ခ)     ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတနှင့် နည်းပညာများရရှိခြင်းဖြင့် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပိုမိုအားကောင်းဖွံ့ဖြိုးလာစေရန်၊

(ဂ)     အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊

(ဃ)    မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်၊

(င )    ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေ ရန်၊

(စ )    ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်မျိုး(One village One product )လုပ်ငန်းများ အထောက်အကူဖြစ်စေရန်။

 

စီမံကိန်းဧရိယာ

၃။      ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နေပြည်တော်အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး (၁၅)ခုရှိ မြို့နယ် (၃၀)မြို့နယ်၊ ကျေးရွာ (၃၀) ရွာတွင် ကျေးရွာယူနစ် (၃၁)ယူနစ်အား ပြည်ထောင်စု ရန်ပုံငွေ ဖြင့်လည်းကောင်း၊ မြို့နယ်(၅)မြို့နယ်၊ ကျေးရွာ(၅)ရွာတွင် ကျေးရွာယူနစ် (၅)ယူနစ်အား ပြည်နယ် ရန်ပုံငွေဖြင့်လည်းကောင်း စုစုပေါင်း (၃၆) ယူနစ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။ ယခုလာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နေပြည်တော်အပါအဝင် ပြည်နယ်/တိုင်းဒေသ ကြီး (၁၄)ခုရှိ ကျေးရွာ (၅၀) ရွာတွင် တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စီမံကိန်းကျေးရွာရွေးချယ်ရာတွင်အခြေခံရမည့်မူများ

၄။      စီမံကိန်းကျေးရွာရွေးချယ်ရာတွင်အခြေခံရမည့်မူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အလားအလာ ရှိသောကျေးရွာ၊

(ခ)     ထုတ်ကုန်များ ဈေးကွက်သို့ပို့ဆောင်ရန် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ ပြီး နယ်မြေတည်ငြိမ်အေးချမ်းသောကျေးရွာ၊ ဒေသဖွံ့ဖြိုးရေးအတွက် အထောက် အကူပြုပြီး အချက်အခြာကျသောကျေးရွာ၊

(ဂ)     ကျေးရွာသူ/သားများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအပေါ် စိတ်အားထက် သန်မှု၊ စည်းလုံးညီညွတ်မှု၊ စီမံကိန်းတွင် ပူးပေါင်းပါဝင်မှု အားကောင်းသော ကျေးရွာနှင့် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသော ကျေးရွာ၊

(ဃ)   ကူးစက်ရောဂါပြန့်ပွားမှုနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် စိုက်ပျိုး ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုအများဆုံး ကြုံတွေ့ရ သည့်ကျေးရွာ။

၅။      ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ဆောင်ရွက်သောကျေးရွာများအား ဦးစားပေး ရွေးချယ်ရန် ဖြစ်ပါသည်။

 

စီမံကိန်းကာလ        

၆။      ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်၍ စီမံကိန်းစက်ဝန်းအား (၃) နှစ် သတ်မှတ်ထားပါသည်။ စီမံကိန်းကာလ (၃) နှစ်ပြည့်ပါက မူလမတည်ငွေကို ထပ်ပေါင်းထပ်ပွား စနစ်ဖြင့် အခြားသက်မွေးအဖွဲ့(သို့မဟုတ်) အခြားကျေးရွာ (သို့မဟုတ်) အခြားမြို့နယ်သို့ ပြောင်း ရွှေ့ဆောင်ရွက်မည်ဖြစ်ပါသည်။

ထောက်ပံ့ငွေပမာဏ                                                                                   

၇။      ကျေးရွာ(၁)ရွာလျှင် အများဆုံးကျပ် (၃၀၀) သိန်းထောက်ပံ့ပေးခြင်း၊ လုပ်ငန်းလိုအပ်ချက်ရှိပါ က ပြည်ထောင်စုအဆင့်ဗဟိုကော်မတီထံတင်ပြ၍ ဆောင်ရွက်နိုင်ပါသည်။

ရန်ပုံငွေပံ့ပိုးပေးခြင်း

  • အသက်မွေးဝမ်းကျောင်းအဖွဲ့တစ်ဖွဲ့လျှင် အများဆုံးကျပ် (၇၅) သိန်းထောက်ပံ့ပေးခြင်း၊ သို့ရာတွင် လုပ်ငန်းပမာဏများပြားခြင်း၊ ဈေးကွက်အလားအလာရှိသောလုပ်ငန်းများဖြစ်ပါက မြို့နယ်လုပ်ငန်းအဖွဲ့အနေဖြင့် ပြည်ထောင်စုအဆင့် ဗဟိုကော်မတီထံတင်ပြ၍ ကျပ် (၇၅) သိန်းထက်ပိုမို၍ ခွင့်ပြုနိုင်ပါသည်။
  •                            

၉။      စီမံကိန်းမှ အဆိုပြုလုပ်ငန်းတန်ဖိုး၏ ( ၇၅ %) ကိုထောက်ပံ့ပေးမည်ဖြစ်ပြီး အသက်မွေးဝမ်း ကျောင်းအဖွဲ့များမှ (၂၅ %) ထည့်ဝင်ရမည်ဖြစ်ပါသည်။

စီမံကိန်းကော်မတီ၊ လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်း

၁၀။    ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းအားအကောင်အထည်ဖော်ဆောင် ရွက်ရန် အောက်ပါအတိုင်းဖွဲ့စည်းထားရှိပါသည်-

(က)    ပြည်ထောင်စုအဆင့် ဗဟိုကြီးကြပ်မှုကော်မတီ၊

(ခ)     ပြည်နယ်/တိုင်းဒေသကြီးအဆင့် ကြီးကြပ်မှုကော်မတီ၊

(ဂ)     မြို့နယ်ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေလုပ်ငန်းအဖွဲ့၊

(ဃ)    ကျေးရွာကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေလုပ်ငန်းအဖွဲ့၊

(င)     အသက်မွေးဝမ်းကျောင်းအဖွဲ့များ။

၁၁။    မြို့နယ်ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းရာတွင် မြို့နယ်အဆင့် တွင် ဖွဲ့စည်းပြီးသော မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ကိုအသုံးပြုနိုင်ပါသည်။ ကျေးရွာကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းရာတွင် ကျေးရွာတွင်ဖွဲ့စည်းပြီး ဖြစ်သောကော်မတီတစ်ရပ်ရပ်ကိုအသုံးပြုနိုင်ပါသည်။ ခေတ်မီစံပြကျေးရွာစီမံကိန်းဆောင်ရွက်ပါက ယင်းလုပ်ငန်းအဖွဲ့ကိုအသုံးပြုနိုင်ပါသည်။

လုပ်ငန်းစဉ်များ

၁၂။     ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အောက်ပါ အဆင့်(၆) ဆင့်ဖြင့် ဆောင်ရွက်ရမည်-

          အဆင့်(၁)     ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ရေး ကြိုတင်ပြင်ဆင်ခြင်း၊

          အဆင့်(၂)      ကျေးလက်အသက်မွေးဝမ်းကျောင်းလုပ်ငန်း အစီအစဉ်ရေးဆွဲခြင်း၊

အဆင့်(၃)     အဆိုပြုလွှာများအား စုစည်းခြင်း၊ စိစစ်အကဲဖြတ်သုံးသပ်ခြင်းနှင့် အတည် ပြု ရွေးချယ်ခြင်း၊

အဆင့်(၄)     ဘဏ္ဍာငွေနှင့် နည်းပညာပံ့ပိုးခြင်း၊

အဆင့်(၅)     ကျေးလက်အသက်မွေးဝမ်းကျောင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင် ရွက်ခြင်း၊

အဆင့်(၆)     သုံးသပ်အကဲဖြတ်ခြင်းနှင့် အစီအစဉ်များ ပြန်လည်ရေးဆွဲခြင်း။

ဆောင်ရွက်နိုင်သောလုပ်ငန်းများ

၁၃။    စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ။

ဆောင်ရွက်မည့်နည်းလမ်းများ

၁၄။    ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းဆောင်ရွက်မည့်နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    အသက်မွေးဝမ်းကျောင်းအဖွဲ့များဖွဲ့စည်းခြင်း

          အနည်းဆုံးအိမ်ထောင်စု(၅)စုမှ အများဆုံးအိမ်ထောင်စု(၁၅)စုအထိပါဝင်သော စိတ်တူ ကိုယ်တူသက်မွေးအဖွဲ့များဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပါသည်။

(ခ)     အဆိုပြုလွှာစိစစ်ခြင်း

သက်မွေးအဖွဲ့များမှ တင်ပြလာသော အဆိုပြုလွှာများအား မြို့နယ်လုပ်ငန်းအဖွဲ့မှ စိစစ်၍ ရမှတ် (၇၀) နှင့်အထက်ရရှိသော အဆိုပြုလွှာများအား ဦးစီးဌာန(ရုံးချုပ်)မှ အတည်ပြုပေးမည်ဖြစ်ပါသည်။

(ဂ)     စာချုပ်ချုပ်ဆိုခြင်း

အသက်မွေးဝမ်းကျောင်းအဖွဲ့များနှင့် မြို့နယ်လုပ်ငန်းအဖွဲ့ တို့အကြား သဘောတူ စာချုပ်ချုပ်ဆိုပါမည်။ ကျေးရွာလုပ်ငန်းအဖွဲ့ဥက္ကဌနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က အသိသက်သေအနေဖြင့် လက်မှတ်ရေးထိုးပါမည်။

(ဃ)    စာရင်းရှင်ဖွင့်လှစ်ခြင်း နှင့်ရန်ပုံငွေလွှဲပြောင်းခြင်း

မြို့နယ်လုပ်ငန်းအဖွဲ့တွင် စာရင်းရှင်တစ်ခုနှင့် အသက်မွေးဝမ်း‌ကျောင်းအဖွဲ့များတွင် အဖွဲ့အမည်ဖြင့် စာရင်းရှင်တစ်ခုစီဖွင့်လှစ်ထားရမည်ဖြစ်ပါသည်။ ထို့နောက် ဦးစီး ဌာန(ရုံးချုပ်)မှ သက်ဆိုင်ရာငွေထုတ်စာရင်း (MD) သို့ DL ဖြင့်ငွေလွှဲပို့၍ ယင်းမှ တစ်ဆင့် သက်ဆိုင်ရာမြို့နယ်လုပ်ငန်းအဖွဲ့စာရင်းရှင်သို့ ရန်ပုံငွေလွှဲပြောင်းပေး မည်ဖြစ်ပါသည်။ ထို့နောက် မြို့နယ်လုပ်ငန်းအဖွဲ့မှ သက်မွေးအဖွဲ့များ၏ စာရင်းရှင်သို့ အဆိုပြုလွှာတွင်ပါဝင်သော ပထမအရစ် (၈၀%) နှင့် ဒုတိယအရစ် (၂၀%) ထုတ် ယူမည့်ကာလ‌ဖော်ပြချက်အတိုင်း ထောက်ပံ့ငွေများအား လွှဲပြောင်းပေးပါမည်။

(င)     နည်းပညာသင်တန်းများဖွင့်လှစ်ပို့ချခြင်း

ကျေးလက်ဦးစီးဌာနမှ အဆိုပြုလွှာ‌ရေးသားနည်းသင်တန်းများ ပို့ချပေးမည်ဖြစ်ပြီး လိုအပ်သောနည်းပညာသင်တန်းများအား အခြားဆက်စပ်ဦးစီးဌာနများနှင့်ပူးပေါင်း၍ အကြိမ်ကြိမ်ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ပါသည်။

(စ)     အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်ခြင်း

(၁)     အစုအဖွဲ့အလိုက်စိုက်ပျိုးမွေးမြူ၍ အဖွဲ့ဝင်(၁)ဦးမှ တာဝန်ယူ၍ လုပ်ငန်း လည်ပတ်ခြင်း (သို့မဟုတ်) အလုပ်သမားငှားရမ်းဆောင်ရွက်ခြင်း၊

(၂)      စုပေါင်းဝယ်ယူခြင်းနှင့် စုပေါင်းရောင်းချခြင်းကိုသာ အစုအဖွဲ့ပုံစံဖြင့် ဆောင် ရွက်၍           လုပ်ငန်းလည်ပတ်ခြင်းကို အိမ်ထောင်စု(၁)စုချင်းအလိုက် ဆောင် ရွက်ခြင်း။

(ဆ)    အတိုးနှုန်းပြန်လည်ထည့်ဝင်ခြင်း

          အသက်မွေးဝမ်းကျောင်းအဖွဲ့များအနေဖြင့် စီမံကိန်းမှထောက်ပံ့ငွေအတွက် ငွေ တစ်ရာကျပ်အတွက်  တစ်လလျှင် (၅၀) ပြားအတိုးနှုန်းသတ်မှတ်၍ စီမံကိန်း စက်ဝန်းတစ်ခုပြီးတိုင်း အတိုးနှင့် အရင်းပေါင်း၍ အဖွဲ့သို့ပြန်လည်ထည့်သွင်းခြင်း၊ ကျွဲ၊ နွား၊ နွားနောက်မွေးမြူခြင်းကဲ့သို့သော နှစ်ရှည်လုပ်ငန်းဖြစ်ပါက တစ်နှစ်လျှင် တစ်ကြိမ် ကျသင့်ငွေအတိုးအား အဖွဲ့၏စာရင်းရှင်သို့ ပြန်လည်ထည့်သွင်းခြင်း။

(ဇ)     မတည်ငွေပြန်လည်ပေးဆပ်ခြင်း

          သက်တမ်း (၃) နှစ်ပြည့်ပြီးသည့်အချိန်တွင် မူလမတည်ငွေကို ထပ်ပေါင်းထပ်ပွား စနစ်ဖြင့် အခြားသက်မွေးအဖွဲ့ (သို့မဟုတ်) အခြားကျေးရွာ (သို့မဟုတ်) အခြား မြို့နယ်သို့ ပြောင်းရွေ့ဆောင်ရွက်ခြင်း။

ဆုံရှုံးမှုပြန်လည်ထည့်သွင်းခြင်း

၁၅။    လုပ်ငန်းများအား အစုအဖွဲ့အလိုက် စိုက်ပျိုးမွေးမြူခြင်းတွင် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါက ဆုံးရှံး သွားသည့် ကောင်ရေ/သီးနှံတို့အတိုင်း အစုအဖွဲ့မှ စုပေါင်းကျခံပြန်လည် ထည့်သွင်းရပါမည်။ လုပ်ငန်း များအား အိမ်ထောင်စုတစ်ခုချင်းအလိုက် တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပါက ဆုံးရှံးသွားသည့် ကောင်ရေ/ သီးနှံတို့အတိုင်း ကာယကံရှင်မှ ကျခံပြန်လည်ထည့်သွင်းရပါမည်။

အိမ်ထောင်စုအစားထိုးခြင်း

၁၆။    အဖွဲ့ဝင်အိမ်ထောင်စုမှနှုတ်ထွက်ခဲ့လျင် နှုတ်ထွက်သွားသော အဖွဲ့ဝင်အတွက် ထောက်ပံ့ထား သော ထောက်ပံ့ငွေသည် အဖွဲ့အတွင်းတွင် အပြည့်အဝကျန်နေရမည်ဖြစ်ပြီး အခြားအိမ်ထောင်စု အသစ်ကို (၁)လအတွင်း အစားထိုးထည့်သွင်းရပါမည်။

အကျိုးအမြတ်များခွဲဝေခြင်း

၁၇။    မြို့နယ်အသက်မွေးဝမ်းကျောင်းဆိုင်ရာတာဝန်ခံနှင့် ကျေးရွာလုပ်ငန်းအဖွဲ့တို့၏ ကူညီပံ့ပိုးမှု ဖြင့် အသက်မွေးဝမ်းကျောင်းအဖွဲ့သည် ပြန်ရငွေ၊ အမြတ်အစွန်းနှင့် ဆုံးရှုံးမှုများအား ညီမျှစွာခွဲဝေနိုင် ရန် အဖွဲ့ဝင်အားလုံးနှင့် တကူတကွ အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ်ချက်ချရမည် ဖြစ်ပါသည်။

အကျိုးကျေးဇူးများ

၁၈။    ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် အောက်ဖော် ပြပါ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်-

(က)    ငွေကြေးအရင်းအနှီးများရရှိလာခြင်းကြောင့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်း၊

(ခ )    စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာနည်းပညာများနှင့် ငွေကြေးစီမံခန့်ခွဲမှုနည်းပညာများ ရရှိလာခြင်းနှင့် မိသားစုဝင်ငွေတိုးပွားလာခြင်း၊

(ဂ )    စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊

(ဃ)    အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာခြင်း၊

(င )    စွမ်းဆောင်ရည်မြင့်မာလာခြင်းနှင့် အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်တတ်သည့် အလေ့ အကျင့်ကောင်းများရရှိလာခြင်း၊ အသင်းအဖွဲ့စိတ်ဓါတ် ဖွံ့ဖြိုးအားကောင်းလာခြင်း၊

(စ )    ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အလေ့အထများ ဖွံ့ဖြိုးလာခြင်း၊

(ဆ)    နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု အသက်သာစေရေး အစီအစဉ်ကို အထောက်အကူပြုနိုင်ခြင်း။

စောင့်ကြည့်ကြီးကြပ်ခြင်း

၁၉။    ကျေးလက်ဦးစီးဌာနသည် ကျေးရွာလုပ်ငန်းအဖွဲ့၊ မြို့နယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်း၍ လုပ်ငန်းစဉ်အဆင့်တိုင်းတွင် စောင့်ကြည့်ကြီးကြပ်ခြင်းလုပ်ငန်းစဉ်အား        ဆောင်ရွက်သွားမည် ဖြစ် ပါသည်။

လစဉ်အစီရင်ခံစာတင်ပြခြင်း

၂၀။     သက်မွေးအဖွဲ့များမှ ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံစာ၊ လုပ်ငန်းတိုးတက်မှုအစီရင်ခံစာနှင့် သင်တန်းရရှိမှု အစီရင်ခံစာတို့ကိုပြုစု၍ မြို့နယ်လုပ်ငန်းအဖွဲ့သို့ လစဉ်တင်ပြရမည်ဖြစ်ပါသည်။ မြို့နယ်လုပ်ငန်းအဖွဲ့မှ စိစစ်၍ မြို့နယ်အဆင့်လစဉ်   တိုးတက်မှုအစီရင်ခံစာပြင်ဆင်ပြီး ပြည်နယ်/ တိုင်း‌‌ဒေသကြီးကြီးကြပ်မှုကော်မတီမှတဆင့် ဦးစီးဌာန (ရုံးချုပ်) သို့လစဉ်တင်ပြရမည်ဖြစ်ပါသည်။

အပြီးသတ်အစီရင်ခံစာတင်ပြခြင်း

၂၁။     သက်မွေးအဖွဲ့များမှ စီမံကိန်းစက်ဝန်းတစ်ခု ဆောင်ရွက်ပြီးစီးပြီးနောက် ရက်ပေါင်း(၃၀) အတွင်း အရှုံးအမြတ်စာရင်း၊ ဘဏ္ဍာရေးအပြီးသတ်အစီရင်ခံစာနှင့် လုပ်ငန်းပြီးစီးမှုအစီရင်ခံစာတို့ကို မြို့နယ်ကျေးလက်ဦးစီးဌာနထံ တင်ပြရမည်ဖြစ်ပါသည်။

ဝေဖန်အကြံပြုဖြေရှင်းဆောင်ရွက်ခြင်း

၂၂။      သက်မွေးအဖွဲ့များမှ ၎င်းတို့အဖွဲ့ဝင်များအကြား အငြင်းပွားမှုများ၊ နားလည်မှုလွဲမှားမှုများ ဖြစ်ပေါ်ပါက မြို့နယ်လုပ်ငန်းအဖွဲ့အကူအညီဖြင့် ဖြေရှင်းဆောင်ရွက်ပေးရပါမည်။ ပြင်ပပုဂ္ဂိုလ်များ ၏မကျေနပ်ချက်များ၊ အကြံပြုချက်များဖြစ်ပေါ်လာပါက မြို့နယ်လုပ်ငန်းအဖွဲ့ထံအသိပေး၍ မြို့နယ်လုပ်ငန်းအဖွဲ့မှ ပွင့်လင်းမြင်သာစွာဖြင့် ဖြေရှင်းပေးရပါမည်။ အကယ်၍ ထူးခြားသောကိစ္စ များအတွက် မြို့နယ်လုပ်ငန်းအဖွဲ့မှ တာဝန်ယူမဖြေရှင်းနိုင်ပါက ပြည်ထောင်စုအဆင့်ဗဟိုကြီးကြပ် မှုကော်မတီထံတင်ပြပြီး အကြံပြုချက်၊ ပဋိပက္ခများအား ကျေနပ်မှုရရှိသည်အထိ ဖြေရှင်းဆောင် ရွက်ပေးရမည်ဖြစ်ပါသည်။

စီမံကိန်းဆိုင်ရာအချက်အလက်များ

စီမံကိန်းအမည်

ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း

(Rural Business Fund)

ရည်ရွယ်ချက်

(က)    စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ကိုင်သူများ အတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိစေရန်၊

(ခ)      ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတနှင့် နည်း ပညာများရရှိခြင်းဖြင့် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ် ငန်းများ ပိုမိုအားကောင်းဖွံ့ဖြိုးလာစေရန်၊

(ဂ)      အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား အစုအ ဖွဲ့စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ် ငန်းများ ဖွံ့ဖြိုးလာစေရန်၊

(ဃ)    မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်၊

(င )     ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊

(စ )     ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်မျိုး(One village One product )လုပ်ငန်းများ အထောက်အကူဖြစ်စေရန်။

ကာလ

လုပ်ငန်းစတင်ဆောင်ရွက်သည်မှစ၍ (၃)နှစ်

ထောက်ပံ့ငွေပမာဏ

ကျေးရွာ(၁)ရွာလျှင် အများဆုံးကျပ် (၃၀၀) သိန်း ထောက် ပံ့ပေးခြင်း၊ လုပ်ငန်းလိုအပ်ချက်ရှိပါက ပြည်ထောင်စု အဆင့် ဗဟိုကော်မတီထံတင်ပြ၍ ဆောင်ရွက်နိုင်ပါသည်။

အကောင်အထည်ဖော်ဆောင်ရွက်သည့် နေရာ

ပြည်နယ်/တိုင်းဒေသကြီး(၁၅)ခု ၊ မြို့နယ်(၃၄) မြို့နယ်၊ ကျေးရွာ (၃၅)ရွာ၊ ကျေးရွာယူနစ် (၃၆)ယူနစ်

ထောက်ပံ့သည့်အဖွဲ့အစည်း

နိုင်ငံတော်ရန်ပုံငွေ

ချဉ်းကပ်သည့်ပုံစံ

ကျေးလက်နေပြည်သူများ စဉ်ဆက်မပြတ် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် အစု အဖွဲ့နည်းလမ်း(သို့မဟုတ်) သမဝါယမအစုအဖွဲ့ နည်းလမ်း ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

စီမံကိန်းကာလ (၃)နှစ်ပြည့်ပါက မူလမတည်ငွေကို ထပ်ပေါင်း၊ထပ်ပွားစနစ်ဖြင့် အခြားကျေးရွာ(သို့မဟုတ်) အခြားသက်မွေးအဖွဲ့(သို့မဟုတ်) အခြားမြို့နယ်သို့ ပြောင်း ရွှေ့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဆောင်ရွက်သည့်လုပ်ငန်းများ

စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း နှင့် ကုန်ထုတ် လုပ်ငန်းစသည့်ဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ပါသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်-

  • စိုက်ပျိုးရေးလုပ်ငန်း (၄၂) ဖွဲ့၊
  • မွေးမြူရေးလုပ်ငန်း (၈၀)ဖွဲ့၊
  • ကုန်ထုတ်လုပ်ငန်း (၁၇) ဖွဲ့။

အကျိုးကျေးဇူးများ

(က) ငွေကြေးအရင်းအနှီးများ ရရှိလာခြင်းကြောင့် အငယ် စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်း၊

(ခ )    စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာနည်းပညာများနှင့် ငွေကြေးစီမံခန့်ခွဲမှုနည်းပညာများ ရရှိလာခြင်းနှင့် မိသားစု ဝင်ငွေတိုးပွားလာခြင်း၊

(ဂ )    စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊

(ဃ)    အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မား လာခြင်း၊

(င )    စွမ်းဆောင်ရည်မြင့်မာလာခြင်းနှင့် အစုအဖွဲ့စနစ် ဖြင့် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိ လာခြင်း၊အသင်းအဖွဲ့စိတ်ဓါတ်ဖွံ့ဖြိုး အားကောင်းလာခြင်း၊

(စ )    ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အလေ့အထများ ဖွံ့ဖြိုး လာခြင်း၊

(ဆ)    နိုင်ငံတော်၏ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုအသက် သာစေရေး အစီအစဉ်ကို အထောက်အကူပြုနိုင်ခြင်း။

 

# Title / Total Download