Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ရေပေးရေးစီမံကိန်းများ

စီမံကိန်း
မြစိမ်းရောင်ကျေးရွာ စီမံကိန်း
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း
အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း(မဟာဓာတ်အားလိုင်းပြင်ပ)
လူထုဗဟိုပြု စီမံကိန်း
တရုတ်နိုင်ငံIPRCCနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း
အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း
ကျေးလက်ရေပေးရေးစီမံကိန်းများ
လယ်ယာကုန်ထုတ်လမ်းစီမံကိန်းများ
ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း
ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း

မျှော်မှန်းချက်

မဟာဗျူဟာ၏ မျှော်မှန်းချက်ပန်းတိုင်များမှာ တန်းတူညီမျှရှိသော၊ ထိရောက် အကျိုးရှိသော သောက်သုံးရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဖော်ထုတ်ချမှတ် ဆောင်ရွက်ခြင်းဖြင့် ၂၀၃၀ ခုနှစ်တွင် ကျေးလက်နေ ပြည်သူများအားလုံး၏ လူမှု စီးပွားဘဝ ပိုမိုတိုးတက်လာစေရန် ဖြစ်ပါသည်။

ကျေးလက်ရေရှိရေး ဆောင်ရွက်ချက်များ

၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ

ကျေးလက်ရေရရှိရေးလုပ်ငန်းများအား စည်ပင်သာယာရေးဦးစီးဌာန လက်ထက် ၁၉၉၉-၂၀၀၀ ခုနှစ်မှ စတင်၍ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အထိ ကျေးလက်ရေရရှိရေး (၁၀)နှစ် စီမံကိန်းဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ကျေးလက်ရေရရှိရေး ကျေးရွာပေါင်း (၂၇၄၂၄)ရွာတွင် လုပ်ငန်းပေါင်း(၃၈၅၇၉)ခု ဆောင်ရွက်ပေးခဲ့ပါသဖြင့်  ကျေးလက်ဒေသရှိ ရေရှားပါးသော ကျေးရွာများ အား အကျိုးဖြစ်ထွန်းခဲ့ပါသည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ

၂၀၁၂ ခုနှစ် ဇွန်လတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအဖြစ် ဖွဲ့စည်း၍ ကျေးလက် ရေရရှိရေးလုပ်ငန်းများကို ပင်မဌာနအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကျေးလက်ဒေသများ၌ သန့်ရှင်းသော သောက်သုံးရေရရှိမှုမှာ (၆၁%)ရှိခဲ့ပြီး ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်တာကာလအတွင်း ကျေးရွာပေါင်း (၄၀၀၂၉)ရွာတွင် ကျေးလက်ရေရရှိရေး လုပ်ငန်းပါင်း(၄၇၈၅၉)ခု ဆောင်ရွက်ပေးခဲ့သဖြင့် ကျေးလက် ဒေသရှိ ရေရှားပါးသော ကျေးရွာများအား ရေဖူလုံမှု ရရှိအောင် ဆောင်ရွက်ပေးသည့်အပြင် ပိုမို ကောင်းမွန်သော ရေပေးရေးဝန်ဆောင်မှုများ အထူးသဖြင့် ရေမီတာတပ် အိမ်တိုင်ရာရောက် ပိုက်လိုင်း စနစ်နှင့် ရေသန့်စင်စနစ်များ အသုံးပြုနိုင်ခဲ့ပါသည်။

၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ

၂၀၁၅ခုနှစ်၊ မေလ မှစတင်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အခြားဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ယူနီဆက်အပါအဝင် အခြားဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များပါဝင်သော လုပ်ငန်းအဖွဲ့ (Task Force) ​ဖွဲ့စည်း၍ ကျေးလက်ရေရရှိရေး မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို ရေးဆွဲပြုစုခဲ့ပြီး တနိုင်ငံလုံး လူထုဆွေးနွေးပွဲများ ကျင်းပ၍ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျေးလက်ရေရရှိရေး၊ မိလ္လာစနစ်နှင့် ပတ်၀န်းကျင်သန့်ရှင်းမှု အတွက် ပထမအကြိမ် အမျိုးသားအဆင့် မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် (၂၀၁၆-၂၀၃၀)ကို အရေးပါသော မှတ်တိုင်တစ်ခုအဖြစ် စတင်မိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ရေရရှိရေး မဟာဗျူဟာနှင့် အညီ အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအချက်အလက်များ အရ ပိုက်လိုင်းစနစ်(၁၈%)၊ ရေတွင်း နှင့် အကာအရံရှိလက်တူးတွင်းမှ ရေရယူမှု(၄၇%)၊ ရေသန့်စင် စနစ် (၈%)နှင့် မိုးရေလှောင်ကန်နှင့် စိမ့်စမ်းများအပါအဝင် ကျေးလက်ဒေသများတွင် ကောင်းမွန်ပြီး အကာအကွယ်ရှိ ရေပေးရေးစနစ်များမှ ရေရရှိရေးလွှမ်းခြုံမှု(၇၇%)ထိ တိုးတက်ဆောင်ရွက်နိုင်ခဲ့ပါ သည်။

၂၀၁၉ ခုနှစ်မှ  ယခုအထိ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ မှ ၂ဝ၂၁-၂၂  (၆)လ ဘဏ္ဍာရေးနှစ် အထိ (၃)နှစ်တာကာလအတွင်း ကျေးရွာပေါင်း (၉၄၂၀)ရွာတွင် ကျေးလက်ရေရရှိရေး လုပ်ငန်းပေါင်း (၁၀၀၄၇)ခုကို မူလခွင့်ပြုရန်ပုံငွေ၊ မွမ်းမံရန်ပုံငွေ၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ(ယူနီဆက်ပူးပေါင်း)နှင့် အပူပိုင်းဇုံရေရရှိရေးစီမံကိန်း၊ တိုင်းဒေသကြီး/ ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုလျာထားရန်ပုံငွေနှင့် တိုင်းဒေသကြီး/ပြည်နယ် လျာထားရန်ပုံငွေဖြင့် အောက်ပါအတိုင်း ဆောင်ရွက်မည် ဖြစ်ပါသည်-

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလျာထားရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းစာရင်း

တိုင်းဒေသကြီး/ ပြည်နယ်

မြို့နယ်ပေါင်း

ကျေးရွာ ပေါင်း

အိမ်ခြေ

လူဦး ရေ

ဆောင်ရွက်မည့်လုပ်ငန်း

မှတ် ချက်

တွင်းတိမ်

တွင်းနက်

လက်တူးတွင်း

မြေသားရေကန်

စိမ့်စမ်း

မိုးရေလှောင်ကန်

အိမ်သွယ်ရေတိုင်

ရေသန့်စင်စနစ်

ရေစင်တည်ဆောက်ခြင်း

ပိုက်လိုင်းသွယ်တန်းခြင်း

အခြား

လုပ်ငန်းပေါင်း

တိုင်းဒေသကြီးနှင့် ပြည်နယ်((၁၇)ခု

၂၇၂

၈၈၃

၁၄၁၃၁၃

၆၆၃၀၄၉

၄၀

၃၀၉

၆၁

၉၅

၁၄၇

၁၆

၁၆၁

၆၀

၁၇

၁၁

၇၁

၉၈၈

 

 

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ်လျာထားရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းစာရင်း

တိုင်းဒေသကြီး/ ပြည်နယ်

မြို့နယ်ပေါင်း

ကျေးရွာ ပေါင်း

အိမ်ခြေ

လူဦး ရေ

ဆောင်ရွက်မည့်လုပ်ငန်း

မှတ် ချက်

တွင်းတိမ်

တွင်းနက်

လက်တူးတွင်း

မြေသားရေကန်

စိမ့်စမ်း

မိုးရေလှောင်ကန်

အိမ်သွယ်ရေတိုင်

ရေသန့်စင်စနစ်

ရေစင်တည်ဆောက်ခြင်း

ပိုက်လိုင်းသွယ်တန်းခြင်း

အခြား

လုပ်ငန်းပေါင်း

တိုင်းဒေသကြီးနှင့် ပြည်နယ်((၁၇)ခု

၂၁၃

၇၄၃

၁၁၄၂၈၈

၅၂၀၅၀၃

၅၀

၁၆၀

၅၁

၁၃၈

၁၄၄

၅၅

၃၃

၁၁

၁၉

၂၁

၁၄၂

၈၂၄

 

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် သန့်ရှင်းသော သောက်သုံးရေ ပိုမိုတိုးတက်ရရှိရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်သည့်အပြင် ၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်နေ ပြည်သူများ အားလုံး ကောင်းမွန်၍ ဘေးကင်းသော သောက်သုံးရေ ဝန်ဆောင်မှုများ ရရှိသုံးစွဲနိုင်ရန် ရည်မှန်းချက်အား ပြည့်မီနိုင်ရေး သက်ဆိုင်သူများ၊ ဌာနဆိုင်ရာများ နှင့် အတူလက်တွဲ၍ ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

 

အိမ်သွယ်ရေတိုင်စနစ်

          သန့်ရှင်း၍ဘေးကင်းသော သောက်သုံးရေ ၀န်ဆောင်မှု ဆိုသည်မှာ ကောင်းမွန်သော ရေအရင်း အမြစ်များမှ သောက်သုံးရေ ရရှိသောက်သုံးခြင်းဖြစ်ပြီး ထိုရေအရင်းအမြစ်များသည် မိမိအိမ်၀င်းအတွင်း တည်ရှိပြီး  လိုအပ်သည့်အချိန်တိုင်း ရေရရှိသည့်အပြင် အီးကိုလိုင်းပိုးမွား ကင်းစင်ရမည် ဖြစ်ပါသည်။ အိမ်သွယ်ရေတိုင်စနစ်သည် ရေလေလွင့်မှုများ လျော့ချရန်နှင့် ကောင်းမွန်သော ရေစီမံခန့်ခွဲမှုဖြစ်စေရေး၊ ကုန်ကျစရိတ် ကာမိသော ရေခွန်ရေခကောက်ယူပြီး လိုအပ်သော ပြင်ဆင်ထိန်းသိမ်းရေး ဆောင်ရွက်ရန် အတွက် ရေမီတာစနစ်ဖြင့် ရေပေးဝေခြင်း နည်းလမ်းဖြစ်ပါသည်။ နိုင်ငံတော်ဘဏ္ဍာငွေတစ်ခုတည်း မဟုတ်ဘဲ ပြည်သူထည့်ဝင်ငွေအချိုးကျပါဝင်ပြီး ပြည်သူကိုယ်တိုင် စီမံခန့်ခွဲရသော စနစ်တစ်ခု ဖြစ်ပါ သည်။  

ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အိမ်သွယ်ရေတိုင်စနစ်ကို အခြားအဖွဲ့အစည်း များ(ဥပမာ-ယူနီဆက်)တို့ အကူအညီကို ရယူ၍ ပြည်သူလူထုကိုယ်တိုင် ဦးဆောင်အကောင်အထည် ဖော်ဆောင်ရွက်ခြင်းနှင့် မိမိအိမ်ခြံဝင်းအတွင်းသို့ ရေမီတာတပ်ဆင်ရန်နှင့် ပိုက်လိုင်းသွယ်တန်း၍ ရေရရှိစေရေးအတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျေးလက်ရေရှိရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါ သည်။ ထိုသို့ ဆောင်ရွက်ခဲ့မှုအပေါ် အကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၂-၂၀၁၃ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ပြည်နယ်နဲ့တိုင်းဒေသကြီး (၁၇)ခု၊ မြို့နယ်ပေါင်း (၂၁၃)မြို့နယ်၊ ကျေးရွာ ပေါင်း (၃၄၈၆)ရွာ၊ အိမ်ခြေ (၆၀၄၉၃၆)အိမ်နှင့် လူဦးရေ (၂၈၅၁၁၄၄)ဦးတို့အတွက် အိမ်တိုင်ရေသွယ် စနစ်ကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

 

ရေသန့်စင်စနစ်

          သန့်ရှင်းပြီး အရည်အသွေးပြည့်ဝသည့်ရေနှင့် မိလ္လာစနစ်ကို မရရှိခြင်းသည် မြို့ပြဒေသများထက် ဆင်းရဲနွမ်းပါးမှု မြင့်မားနေသည့် ကျေးလက်ဒေသများတွင် ပိုမိုများပြားလာပါသည်။ ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအတွက် သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေ ရရှိရေး စီမံချက်ရေးဆွဲပြီး ရေသန့်စင်စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါ သည်။ မသန့်ရှင်းသော မြေပေါ်ရေအရင်းအမြစ်များကို မှီခိုနေရသော ကျေးလက်နေပြည်သူများအတွက် ခေတ်မှီနည်းစနစ်များ အသုံးပြုပြီး ပြည်သူကိုယ်တိုင်စီမံခန့်ခွဲနိုင်သော ကုန်ကျစရိတ် ကာမိသည့် ရေသန့်စင်စနစ် ဆောင်ရွက်ပြီး ရေကော်မတီသို့ လွှဲပြောင်းကာ ရေဘိုး/ရေခ ကောက်ခံ၍ လည်ပတ် ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ခဲ့ခြင်းအပေါ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၇-၂၀၁၈ မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အထိ ပြည်နယ်နဲ့တိုင်းဒေသကြီး (၈) ခု၊ မြို့နယ်ပေါင်း (၆၂) မြို့နယ်၊ ကျေးရွာပေါင်း (၁၈၃) ရွာ၊ အိမ်ခြေ (၄၃၃၇၇) အိမ်နှင့် လူဦးရေ (၂၀၆၀၆၈) ဦးတို့အတွက် ရေသန့်စင်စနစ် ကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

 

ကျေးရွာစုပေါင်းရေပေးရေးစနစ်

          ကောင်းမွန်သော ရေအရင်းအမြစ်မရရှိခြင်း၊  သောက်သုံးရန် မသင့်တော်ခြင်း၊ နွေရာသီ ရေရှားပါး ခြင်း စသည့်အကြောင်းအရင်းများကြောင့် သောက်သုံးရေ ရှားပါးနေသော ကျေးရွာများအား သန့်ရှင်း သော သောက်သုံးရေရှိစေရေးအတွက် ရေအရင်းအမြစ်ရရှိသော နေရာများမှ ရေအား ပိုက်လိုင်းစနစ်ဖြင့်  အထက်ပါကျေးရွာများသို့ ပေးဝေသည့်  စုပေါင်းရေပေးရေးစနစ်ကို စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပါသည်။ ကျေးလက်ဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ ရေအလေအလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်၊ လျှပ်စစ်ဓါတ်အားသုံးစွဲမှု ကုန်ကျစရိတ်နှင့် ရေမီတာ အခွန်အခ ကောက်ခံရရှိမှု ကာမိစေရန်နှင့် ကျေးရွာများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် ကျေးရွာစုပေါင်းရေပေးရေး စနစ်ကို နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စုပေါင်းရေ ပေးရေးစနစ်(၈)ခုဖြင့် ကျေးရွာပေါင်း (၁၅၈)ရွာ၊ အိမ်ခြေ(၅၅၁၇)အိမ်နှင့် (၂၇၄၉၉)ဦးတို့၏ လူမှုစီးပွား ဘဝ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

 

ဆိုလာရေတင်စနစ်

          ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေပေးရေးစနစ်အမျိုးမျိုး၌ ရေတင်ပန့်များ၊ ရေတွန်းပန့်များအား လျှပ်စစ်မီး၊ ဒီဇယ်ဆီသုံးအင်ဂျင်နှင့် မောင်းနှင်သည့် မီးစက်များကို အဓိကထား၍ အသုံးပြုကြ၍ ရေတင်ပေးရပါသည်။ ထိုသို့ ရေတင်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မီးအားပြည့်မီအောင် စောင့်ဆိုင်းရခြင်း၊ မီးပြတ်တောက်မှုကြောင့် ရေတင်မရခြင်း၊ ဒီဇယ်ဆီ ဈေးနှုန်းမြှင့်တက်မှုကြောင့် ကုန်ကျစရိတ်များပြားခြင်း၊ အင်ဂျင်နှင့် မီးစက်များ ထိန်းသိမ်းပြုပြင်နေရသဖြင့် ရေတင်မရခြင်းများ လျော့နည်းစေရန်အတွက် ထိန်းသိမ်း မောင်းနှင်ရလွယ်ကူပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာရေတင်စနစ်ကို ပြောင်းလဲအသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျေးလက်ဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပါသည်။

          လက်တလောဦးစားပေးအနေဖြင့် မကွေးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း တူးဖော်ပြီး လက်တွေ့အသုံးပြုနေသော/အသုံးပြုနိုင်သော စက်ရေတွင်းအနက်မှ (၃၀၀’)အတွင်းရှိ ကျေးရွာများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စစ်ဆေးရေး အဖွဲ့ဖွဲ့၍ ကွင်းဆင်းစိစစ်ပြီး ကျေးရွာစာရင်းများအား ဦးစားပေးအလိုက်ပြုစု၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

စီမံကိန်းခေါင်းစဉ် စီမံကိန်းခေါင်းစဉ် ရိုက်ပါ
ထောက်ပံ့သည့်အဖွဲ့အစည်း  
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း  
ကာလ  
ဆောင်ရွက်သည့်နေရာ/ အကောင်ထည့်ဖော်ဆောင်ရွက်သည့်နေရာ  
ရည်ရွယ်ချက်  
အကျိုးကျေးဇူးရရှိသူများ  
ချဉ်းကပ်သည့်ပုံစံ  
လုပ်ဆောင်ချက်များ  
အကျိုးကျေးဇူး/ရလာဒ်  
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ  
# Title / Total Download