Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း(မဟာဓာတ်အားလိုင်းပြင်ပ)

စီမံကိန်း
မြစိမ်းရောင်ကျေးရွာ စီမံကိန်း
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း
အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း(မဟာဓာတ်အားလိုင်းပြင်ပ)
လူထုဗဟိုပြု စီမံကိန်း
တရုတ်နိုင်ငံIPRCCနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း
အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း
ကျေးလက်ရေပေးရေးစီမံကိန်းများ
လယ်ယာကုန်ထုတ်လမ်းစီမံကိန်းများ
ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း
ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း

နိဒါန်း

၁။      နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို တိုင်းတာသောညွှန်းကိန်းများတွင် စွမ်းအင်သုံး စွဲနိုင်မှုနှုန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ လျှပ်စစ်စွမ်းအင်ရရှိခြင်းသည် မည့်သည့်နိုင်ငံ တွင်မဆို လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် အရေးပါလှပါသည်။ ထို့ကြောင့် မြန်မာ နိုင်ငံအစိုးရအနေဖြင့် လူသားတိုင်းလက်လှမ်းမီ ခေတ်မီစွမ်းအင်ရရှိရေးအတွက် ဦးစားပေး အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အား ရရှိရေးမျှော်မှန်းချက်ဖြင့် ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာဖွံ့ဖြိုးရေးချေးငွေ (International Development Association- IDA loan) ချေးငွေ အမေရိကန်ဒေါ်လာ သန်း(၄၀၀)ရယူ၍ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (National Electrification Project- NEP)ကို (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

၂။      NEP စီမံကိန်းတွင် မြေမျက်နှာသွင်ပြင် အနေအထားအရ ကုန်ကျစရိတ်အသက်သာဆုံး မီးလင်းရေးအစီအစဉ် (Geospatial Least Cost Electrification Rollout Plan)ကို ရေးဆွဲခဲ့ပြီး ပထမ (၅) နှစ် စီမံကိန်းကို (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်မှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေး နှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန် ဒေါ်လာသန်း (၄၀၀)အနက်မှ မဟာဓာတ်အားလိုင်းတိုးချဲ့သွယ်တန်းခြင်းအတွက် ဒေါ်လာသန်း (၃၀၀)နှင့် နည်းပညာအကူအညီပေးရေးအတွက် ဒေါ်လာ (၁၀) သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း (၃၁၀) ဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မဟာဓာတ်အား လိုင်းပြင်ပလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် ဒေါ်လာ သန်း(၈၀)နှင့် နည်းပညာအကူအညီပေးရေးအတွက် ဒေါ်လာ (၁၀) သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း (၉၀) ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက်  အောက်ဖော်ပြပါ ရည်မှန်းချက်များနှင့်အညီ အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရည်ရွယ်ချက်

၃။      အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၊ မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်ကို

  • ကျေးလက်ဒေသတွင် လျှပ်စစ်ဓာတ်အားတိုးမြှင့်ရရှိရန်၊
  • မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသည့် ကျေးရွာများတွင် အကြိုလျှပ်စစ်ဓာတ်အားပေး ရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊
  • ပြည်သူ့ထည့်ဝင်ငွေဖြင့် ပိုမိုကောင်းမွန်သည့် မီးလင်းရေးစနစ် အကောင်အထည် ဖော်ဆောင်ရွက်ရန်၊
  • ပြည်သူ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သည့်စနစ် (Public-Private Partnership) ဖွံ့ဖြိုး လာစေရေးဆောင်ရွက်ရန်စသည့်ရည်ရွယ်ချက်များဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

စီမံကိန်းအစိတ်အပိုင်းများ

စီမံကိန်းဧရိယာရွေးချယ်သည့်စံနှုန်းများ

၄။      စီမံကိန်းဆောင်ရွက်ရန်အတွက် အောက်ပါအချက်များနှင့်ကိုက်ညီသော ကျေးရွာများကို စိစစ်ရွေးချယ်၍ ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်-

(က)   မဟာဓါတ်အားလိုင်းနှင့် (၁၁)မိုင် အထက်ကွာဝေးပြီး မြေမျက်နှာသွင်ပြင် အနေ အထားအရ နောင် (၁၀) နှစ်/ (၁၅) နှစ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး မရရှိနိုင်သော ကျေးရွာများနှင့် ဝေးလံခေါင်ဖျားဒေသများရှိ ကျေးရွာများ၏ အိမ်ခြေ နှင့် လူနေထူထပ်မှုပေါ်မူတည်၍ ရွေးချယ်ခြင်း၊

(ခ)     ပြည်သူထည့်ဝင်ငွေများကို ဆောင်ရွက်လိုသည့်စနစ်များအပေါ်မူတည်၍ အိမ်သုံး ဆိုလာစနစ်အတွက်  သတ်မှတ်အချိုးကျ ထည့်ဝင်ငွေ ထည့်ဝင်ရမည်ဖြစ်ပြီး အသေး စားဓာတ်အားစနစ်အတွက် ပြည်သူထည့်ဝင်ငွေ (၂၀%) ထည့်ဝင်နိုင်ရမည် ဖြစ်သည့်အပြင် ဓာတ်အားခပေးဆောင်ရန် ဆန္ဒရှိသော               ကျေးရွာဖြစ်ခြင်း၊

(ဂ)     အသင်းအဖွဲ့နှင့် ဆောင်ရွက်လိုသော ကျေးရွာများဖြစ်ရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်ရရှိနိုင်သည့် ကျေးရွာများဖြစ်ရန်လိုအပ်ခြင်း၊

(ဃ)   အသေးစားဓာတ်အားပေးစနစ်တွင် မီးအလင်းရောင်အတွက်သာမက အသေးစား ကုန်ထုတ်လုပ်မှုလုပ်ငန်းများပါဆောင်ရွက်ရန် အလားအလာရှိခြင်း စသည့်အချက် အလက်များအပေါ်မူတည်၍ စိစစ်ရွေးချယ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

အိမ်သုံးဆိုလာစနစ် (Solar Home System-SHS)

၅။      အိမ်သုံး ဆိုလာမီးလင်းရေးစနစ် လုပ်ငန်းများကို အောက်ဖော်ပြပါ အစီအစဉ်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်

    (က)   ကျေးရွာရွေးချယ်ခြင်း၊

(ခ)     Bidding Document များပြင်ဆင်ခြင်း၊

(ဂ)     တင်ဒါခေါ်ယူခြင်း၊

(ဃ)   အဆိုပြုလွှာများ စစ်ဆေးခြင်း၊

(င)     စစ်ဆေးပြီးစီးသည့် အဆိုပြုလွှာများအား ကမ္ဘာ့ဘဏ်သို့ ပေးပို့အတည်ပြုခြင်း၊

(စ)     တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ  ပြုလုပ်ခြင်း၊

(ဆ)   စာချုပ်ချုပ်ဆိုခြင်း၊

              (ဇ)     ပစ္စည်းနမူနာများအား စစ်ဆေးခြင်း၊

              (စျ)    ကမ္ဘာ့ဘဏ်သို့ ပေးပို့အတည်ပြုချက်တောင်းခံခြင်း၊

              (စ)     စာချုပ်ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခြင်း၊

             (ဆ)   စာချုပ်ချုပ်ဆိုခြင်း၊

             (ဇ)     နမူနာပစ္စည်းများအား စစ်ဆေးခြင်း၊

(စျ)    ကျေးရွာများတွင် ရှေ့ပြေးတပ်ဆင်ခြင်းနှင့် စစ်ဆေးခြင်း၊

(ည)   ရှေ့ပြေးတပ်ဆင်ခြင်းလုပ်ငန်းများအား စစ်ဆေးအတည်ပြုပြီးစီးပါက စီမံကိန်း ဧရိယာများသို့ ပို့ဆောင်၍ တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

(ဋ)    တပ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ချိန်တွင် Management Information System (MIS)စနစ်ဖြင့် အချက် အလက်များ စစ်တမ်းကောက်ယူ ပေးပို့တင်ပြခြင်း၊

(ဌ)     တပ်ဆင်ရေးလုပ်ငန်းများပြီးစီးပါက အရည်အသွေးစစ်ဆေးရေးအဖွဲ့ (Inspection and Verification Agent(IVA))မှ ထပ်မံစစ်ဆေးခြင်း၊

(ဍ)     လုပ်ငန်းပြီးစီးမှုအစီရင်ခံစာများအား သက်ဆိုင်ရာမြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဦးစီး ထောက်ခံချက်များနှင့်အတူ ပေးပို့ခြင်း၊

              (ဎ)     ငွေပေးချေမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း။

အသေးစားဓါတ်အားပေးစနစ် (Mini-Grid System)

၆။      အသေးစားဓါတ်အားပေးစနစ် လုပ်ငန်းများကို အောက်ဖော်ပြပါ အစီအစဉ်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်

              (က)   စီမံကိန်းအဆိုပြုလွှာများ ခေါ်ယူခြင်း၊

( ခ)    အဆိုပြုလွှာများအား ဂျာမန်ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(GIZ)၊ NEP(PMO)၊ WB မှ နည်းပညာကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ အကြိုစိစစ်အကဲဖြတ်ခြင်း၊

( ဂ)    အကြိုဖြစ်နိုင်ခြေဆန်းစစ်လေ့လာမှုအစီရင်ခံစာ(Pre-Feasibility Study Report) အား အကဲဖြတ်စစ်ဆေးခြင်း၊

(ဃ)   အကြိုအဆင့်တွင် အောင်မြင်သူများအား  ဖြစ်နိုင်ခြေဆန်းစစ်လေ့လာမှု အစီရင်ခံ စာ(FS)တင်သွင်းစေခြင်း၊

( င)    တင်သွင်းလာသည့် ဖြစ်နိုင်ခြေဆန်းစစ်လေ့လာမှုအစီရင်ခံစာများအား ထပ်မံစိစစ်အကဲဖြတ်ခြင်း၊

( စ)    အောင်မြင်သည့် အစီရင်ခံစာများရှိ ပြင်ဆင်သင့်သည်များကို ညိှနှိုင်းပြင်ဆင်၍ Revised Feasibility Study Report(RBF)များအား ထပ်မံစိစစ်ခြင်း၊

(ဆ)   ကမ္ဘာ့ဘဏ်နှင့် (Italian Agency for Development Cooperation-AICS) သို့ ပေးပို့အတည်ပြုချက်ရယူခြင်း၊

              ( ဇ)    စာချုပ်မူကြမ်း ပြင်ဆင်ညိှနှိုင်းခြင်း၊

( စျ)   စာချုပ်မူကြမ်းအား DUCA သို့ တင်ပြ၍ ခွင့်ပြုချက်ရယူပြီးနောက် DUCA အဖွဲ့တွင် ပါဝင်သည့် သက်ဆိုင်ရာဌာနများမှ ကိုယ်စာလှယ်များအား ဖိတ်ခေါ်၍ စာချုပ်ညိှနှိုင်းဆွေးနွေးပွဲပြုလုပ်ခြင်း၊

              (ည)   စာချုပ်ချုပ်ဆိုခြင်း၊

              (ဇ)     လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

 (ဎ)    ငွေပေးချေမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း။

 

 

စီမံကိန်းအမည်

မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ် အားရရှိရေးစီမံကိန်း

ရည်ရွယ်ချက်

  • ကျေးလက်ဒေသတွင် လျှပ်စစ်ဓာတ်အား တိုး မြှင့် ရရှိရန်၊
  • မဟာဓာတ်အားလိုင်းနှင့်ဝေးကွာသည့် ကျေး ရွာများတွင် အကြိုလျှပ်စစ်ဓာတ်အား ပေး ရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက် ရန်၊
  • ပြည်သူ့ထည့်ဝင်ငွေဖြင့် ပိုမိုကောင်းမွန်သည့် မီးလင်းရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက် ရန်၊
  • ပြည်သူ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သည့် စနစ် (Public-Private Partnership) ဖွံ့ဖြိုး လာစေရေး ဆောင်ရွက်ရန်စသည့် ရည်ရွယ် ချက်များဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိပါသည်။

စီမံကိန်းကာလ

၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ်ထိ၊(၅)နှစ်
ချေးငွေပမာဏ အမေရိကန်ဒေါ်လာ (၉၀)သန်း
စီမံကိန်းဒေသ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည် နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေတို့အတွင်းရှိ NEP စီမံကိန်းမူဝါဒ နှင့်ကိုက်ညီမှုရှိပြီး ပြည်သူ ထည့်ဝင်ငွေဖြင့် ဆောင်ရွက်လိုသည့် ကျေးရွာများအားလုံး။
(ချေးငွေ)ထောက်ပံ့သည့် အဖွဲ့အစည်း

ကမ္ဘာဘဏ်

ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်း

ကမ္ဘာ့ဘဏ်၊GIZ ၊ တင်ဒါအောင်မြင်သည့်ကုမ္ပဏီများ၊ Kfw၊ AICS

ဆောင်ရွက်မည့်နည်းလမ်း/ချည်းကပ်သည့်ပုံစံ

  • စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် သက် ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး၊ ကျေး လက်ဦးစီးဌာနမှ ကျေးရွာများသို့ စီမံကိန်းနှင့် ပတ်သက်၍ အသိပေးကြေညာခြင်း၊
  •  စီမံကိန်းတွင် ဆောင်ရွက်မည့်စနစ်များ၊ ပြည်သူအချိုးကျထည့်ဝင်ရမည့်ငွေ၊ ကူညီ ထောက်ပံ့ငွေများကို ပြည်သူများနား လည် သဘောပေါက်စေရန် ချပြရှင်းလင်းခြင်း၊
  •  စီမံကိန်းတွင်ပါဝင်ဆောင်ရွက်လိုသော သတ် မှတ်ချက်များနှင့််ညီသည့် ကျေးရွာများကိုသာ ရွေးချယ် ဆောင်ရွက်ခြင်း၊
ဆောင်ရွက်မည့်လုပ်ငန်း

တစ်အိမ်သုံးဆိုလာစနစ်နှင့် အသေးစားဓာတ်အား လိုင်းစနစ်များဖြစ်သည့် (ဆိုလာ၊ ရေအားလျှပ်စစ်၊ ဇီဝဓာတ်ငွေ့)များဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပါမည်။

အကျိုးကျေးဇူး/ရလာဒ် ဒေသခံပြည်သူများ၏ လူနေမှုဘဝမြင့်မားလာပြီး ဓာတ်အားလိုင်းများ ဖြန့်ဖြူးရေးလိုင်းများ ဆက်သွယ်ပေးခြင်းဖြင့် တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၉၉% မှာ ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိစေရန် ဆောင်ရွက်ခြင်းကြောင့် ကျေးလက်နေပြည်သူများ ၏ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ တစ်အိမ်သုံးဆိုလာစနစ်လုပ်ငန်းများတွင် မိမိထည့် ဝင်နိုင်သည့် ငွေပမာဏအပေါ်မူတည်၍  System အကြီး/ အသေးခွဲ၍ ဆောင်ရွက်ပြီး အရစ်ကျ ထည့်ဝင်ရသည့်အတွက် ဆင်းရဲသား ပြည်သူများပါ သုံးစွဲနိုင်မည်ဖြစ်ပါသည်။ စီမံကိန်း ဆောင်ရွက်သော ကျေးရွာများတွင် အများပြည်သူသုံး အဆောက်အဦ များအတွက် စီမံကိန်းမှ (၁၀၀%) ထောက်ပံ့ပေး သောကြောင့် ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေး များ တိုးတက်လာမည်ဖြစ်ပါသည်။ အသေးစားလျှပ် စစ်ဓာတ်အားပေးစနစ်ဖြင့် အိမ်သုံး၊ လမ်းမီး၊ ကျန်းမာရေး၊ ဘာသာရေး အဆောက်အဦများ သာမ က အသေးစားစက်မှု လုပ်ငန်းများလည်း ဆောင် ရွက်နိုင်သည့်အတွက် ကျေးလက်နေပြည်သူလူထု ၏ လူမှုစီးပွားဘဝမြင့်မားလာမည် ဖြစ်ပါ သည်။
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ

ဦးမျိုးမြင့်

Senior Energy Specialist

01 925 5030

myanmar@worldbank.org
# Title / Total Download