Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း

စီမံကိန်း
မြစိမ်းရောင်ကျေးရွာ စီမံကိန်း
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း
အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း(မဟာဓာတ်အားလိုင်းပြင်ပ)
လူထုဗဟိုပြု စီမံကိန်း
တရုတ်နိုင်ငံIPRCCနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း
အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း
ကျေးလက်ရေပေးရေးစီမံကိန်းများ
လယ်ယာကုန်ထုတ်လမ်းစီမံကိန်းများ
ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း
ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း

တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း

၁။ နိဒါန်း

          တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း (Resilient Community Development Project, RCDP)ကို  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အာရှဖွံ့ဖြိုးရေးဘဏ်၏ အထူးမဟုတ်သော ငွေလုံးငွေရင်းအရင်းအမြစ်မှ အတိုးသက်သာသောချေးငွေ အမေရိကန်ဒေါ်လာ (၁၈၅) သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ အထူးရန်ပုံငွေအရင်းအမြစ်ဖြစ်သော သဘာဝဘေးအန္တရာယ် လျော့ချရေးရန်ပုံ‌ငွေမှ ထောက်ပံ့ငွေအမေရိကန်ဒေါ်လာ(၁၀)သန်း၊ ဥရောပသမဂ္ဂ၏ အာရှရင်းနှီးမြှုပ် နှံမှုပံ့ပိုးရေးအဖွဲ့မှ ထောက်ပံ့ငွေအမေရိကန်ဒေါ်လာ(၂၇.၅၈)သန်းနှင့်ညီမျှသော ယူရို(၂၄.၂၅)သန်း၊ ဂျပန်အစိုးရ၏ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေမှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ(၃)သန်း၊ အစိုးရ In-kind ထည့်ဝင်မှု အမေရိကန် ဒေါ်လာ (၁၉.၃၇)သန်း၊ စုစုပေါင်း (၂၄၄.၉၅)သန်းဖြင့်  အကောင် အထည်ဖော်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ချင်းပြည်နယ်၊ ဧရာတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ မြို့နယ်(၁၇)မြို့နယ်၊ ကျေးရွာအုပ်စု (၇၉၁) အုပ်စု၊ကျေးရွာ (၂၉၄၂)ရွာ၊ လူဉီးရေ (၁.၈)သန်းကျော်အတွက် ကျေးလက် အခြေခံအဆောက်အအုံလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဝင်ငွေမြှင့် တင်ခြင်း လုပ်ငန်းများ၊စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

၂။ ရည်ရွယ်ချက်

          စီမံကိန်းရည်ရွယ်ချက်မှာ ရပ်ရွာလူထု၏ စွမ်းဆောင်ရည်မြှင့်မားရေးအပေါ်အခြေတည်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ မိသားစု ဝင်ငွေတိုးပွားလာစေပြီး လူနေမှုအဆင့်အတန်းမြင့်မားလာကာ သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန် နိုင်စွမ်း အားကောင်းလာစေရန် ဖြစ်ပါသည်။ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးဒဏ်ခံနိုင်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကျေးရွာအခြေခံ အဆောက် အအုံများဖွံ့ဖြိုးတိုးတက်လာခြင်း၊ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများအတွက် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ထောက်ပံ့ပေးခြင်းဖြင့် မိသားစု ဝင်ငွေတိုးပွားလာစေခြင်း၊ အစိုးရအဖွဲ့အစည်းများနှင့်ကျေးလက် နေပြည်သူများ၏ သဘာဝဘေး အန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်သည့် စွမ်းဆောင်ရည်မြှင့်မားလာ စေခြင်းစသည့် အကျိုးရလဒ်များခံစား ရရှိမည်ဖြစ်ပါသည်။

 

၃။ စီမံကိန်းအစိတ်အပိုင်းများ

                   ဤစီမံကိန်းတွင် အပိုင်း (၃) ပိုင်း ပါဝင်သည်။

အပိုင်း-    သဘာဝဘေးဒဏ်ခံနိုင်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊

အပိုင်း-၂။ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများအတွက် ရာသီဥတုနှင့်လိုက်လျောညီထွေ ရှိသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထောက်ပံ့ပေးခြင်းဖြင့် မိသားစု ဝင်ငွေ တိုးပွားလာစေရန်။

အပိုင်း-၃။ အစိုးရအဖွဲ့အစည်းများနှင့် ကျေးလက်နေပြည်သူများ၏ သဘာဝဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်သည့် စွမ်းဆောင်ရည်မြှင့်မားလာစေရန်၊

 

 

 

စီမံကိန်းခေါင်းစဉ် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေး စီမံ ကိန်း (Resilient Community Development Project, RCDP)
ထောက်ပံ့သည့်အဖွဲ့အစည်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဥရောပသမဂ္ဂ (EU)၊ ဂျပန်အစိုးရ၏ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေ (JFPR)
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း  
ကာလ ၂၀၂၀ ~၂၀၂၆ ခုနှစ် ((၇နှစ်)
ဆောင်ရွက်သည့်နေရာ/ အကောင်ထည့်ဖော်ဆောင်ရွက်သည့်နေရာ ချင်းပြည်နယ်တွင် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ထန်တလန်(၄)မြို့နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး တွင် ကလေးဝ၊မော်လိုက်၊မင်းကင်း၊ဖောင်းပြင် (၄)မြို့နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ တွင် လေရှီး၊                                                                                                                             လဟယ်၊ နန်းယွန်း(၃)မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် သရက် ချောင်း၊ ရေဖြူ၊ လောင်းလုံ(၃)မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ (၃)မြို့နယ်၊ စုစုပေါင်း မြို့နယ်(၁၇) မြို့နယ် ရှိ ကျေးရွာအုပ်စု (၇၉၁)အုပ်စု၊ ကျေးရွာ (၂၉၄၂)ရွာရှိ၊ လူဉီးရေ (၁.၈)သန်း။
ရည်ရွယ်ချက်
  • သဘာဝဘေးဒဏ်ခံနိုင်သော အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊
  • ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများအတွက် ရာသီဥတုနှင့်လိုက်လျောညီထွေရှိသော အသက် မွေးဝမ်းကျောင်းလုပ်ငန်းများကို ထောက်ပံ့ပေး ခြင်း ဖြင့် မိသားစု ဝင်ငွေ တိုးပွားလာစေရန်။
  • အစိုးရအဖွဲ့အစည်းများနှင့် ကျေးလက်နေပြည် သူများ၏ သဘာဝဘေးအန္တရာယ် ရင်ဆိုင်တုံ့ ပြန်နိုင်သည့် စွမ်းဆောင်ရည်မြှင့်မားလာစေရန်၊ 
အကျိုးကျေးဇူးရရှိသူများ

ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာ လူထုကိုယ်တိုင် ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့၏ မိသားစုဝင်ငွေ တိုးပွား လာစေပြီး လူနေမှုအဆင့်အတန်းမြင့်မားလာကာ သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း အား ကောင်းလာမည် ဖြစ်ပါသည်။ စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးဒဏ် ခံနိုင်သော အသက်မွေးဝမ်းကျောင်းအထောက်အကူ ပြု ကျေးရွာအခြေခံ အဆောက် အအုံများဖွံ့ဖြိုး တိုး တက်လာခြင်း၊ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု များအတွက် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ထောက်ပံ့ ပေးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်း၊ အစိုးရအဖွဲ့အစည်းများနှင့်ကျေးလက် နေပြည်သူများ ၏ သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်သည့် စွမ်းဆောင်ရည်မြှင့်မားလာ စေခြင်းစသည့် အကျိုး ရလဒ်များခံစားရရှိမည်ဖြစ်ပါသည်။

ချဉ်းကပ်သည့်ပုံစံ ပြည်သူဗဟိုပြုချဉ်းကပ်သည့်နည်းလမ်း
လုပ်ဆောင်ချက်များ ရာသီဉတုနှင့် သဘာဝဘေးဒဏ်ခံနိုင်ရည် စွမ်းအား ကောင်းသည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ၊
အကျိုးကျေးဇူး/ရလာဒ်

ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာ လူထုကိုယ်တိုင် ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့၏ မိသားစုဝင်ငွေ တိုးပွား လာစေပြီး လူနေမှုအဆင့်အတန်းမြင့်မားလာကာ သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း အား ကောင်းလာမည် ဖြစ်ပါသည်။ စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးဒဏ် ခံနိုင်သော အသက်မွေးဝမ်းကျောင်းအထောက်အကူ ပြု ကျေးရွာအခြေခံ အဆောက် အအုံများဖွံ့ဖြိုး တိုး တက်လာခြင်း၊ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု များအတွက် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ထောက်ပံ့ ပေးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်း၊ အစိုးရအဖွဲ့အစည်းများနှင့်ကျေးလက် နေပြည်သူများ ၏ သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်သည့် စွမ်းဆောင်ရည်မြှင့်မားလာ စေခြင်းစသည့် အကျိုး ရလဒ်များခံစားရရှိမည်ဖြစ်ပါသည်။

ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ

ဉီးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

ရုံးအမှတ်(၃၆)၊နေပြည်တော်၊

ဖုန်း +၉၅-၉-၃၄၁၈၆၀၃

ဖက်စ် +၉၅-၉-၃၄၁၈၆၀၂

Stefania Dina (Ms.)

Project Officer and Senior Agricultural and Rural Development Specialist,

Contact Email: sdina@adb.org

Environment, Natural Resources and Agriculture Division, Southeast Asia Department (SERD), Asian Development Bank, Head Office, 6 ADB Avenue, Mandaluyong City 1550, Metro Manila, Philippines.

Tel +63 2 86324444 

Fax +63 2 86362444

# Title / Total Download