Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လယ်ယာကုန်ထုတ်လမ်းစီမံကိန်းများ

စီမံကိန်း
မြစိမ်းရောင်ကျေးရွာ စီမံကိန်း
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း
အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း(မဟာဓာတ်အားလိုင်းပြင်ပ)
လူထုဗဟိုပြု စီမံကိန်း
တရုတ်နိုင်ငံIPRCCနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း
အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း
ကျေးလက်ရေပေးရေးစီမံကိန်းများ
လယ်ယာကုန်ထုတ်လမ်းစီမံကိန်းများ
ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း
ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း

          နိဒါန်း

မြန်မာနိုင်ငံ၏ လူဦးရေ(၇ဝ)ရာခိုင်နှုန်းကျော်သည်  ကျေးလက်ဒေသများတွင် နေထိုင်သူများ ဖြစ်ပြီး စစ်တမ်းများအရလည်း ဆင်းရဲနွမ်းပါးမှုအများဆုံးခံစားရသည့် ဒေသများမှာ ကျေးလက် ဒေသများပင် ဖြစ်ပါသည်။ ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျော့ချရေးနဲ့ လူမှုဘဝမြင့်မားရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာတွင် ကျေးလက်နေပြည်သူများ၏ အဓိက အသက်မွေးဝမ်းကျောင်းဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါ သည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။ ကျေးလက်ကုန်ထုတ်လမ်းများသည်  စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်များတွင် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပြီး စိုက်ပျိုးမွေးမြူသူများနှင့် ဈေးကွက်ကိုချိတ်ဆက်ပေးသည့် ပထမဦးဆုံးသော အဆင့်လည်း ဖြစ်ပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော “ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကိုအစဉ်မပြတ်ဖော်ဆောင်ရန်”နှင့်အညီ ကျေးလက်ဒေသ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် အခြေခံအဆောက်အအုံများဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက် မပြတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးလက်ကုန်ထုတ်လမ်းတံတား ဖောက် လုပ်ခြင်းလုပ်ငန်းများအား အဓိကလုပ်ငန်းစဉ်တစ်ရပ်အဖြစ်  ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါသည်။

 

မျှော်မှန်းချက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထွက်ကုန်၊ ထုတ်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် စျေးကွက်သို့ လျှင်မြန်စွာ ရောက်ရှိစေရန် ဖြစ်ပါသည်။

အကျိုးကျေးဇူး

ကျေးလက်ကုန်ထုတ်လမ်းများကိုဖောက်လုပ်ခြင်းဖြင့် ကျေးရွာပြင်ပဝန်းကျင်ရှိ ကုန်စည်ဒိုင် များနှင့် ပိုမိုလက်လှမ်းမီ ချိတ်ဆက်နိုင်စေနိုင်မှာဖြစ်သည့်အပြင် လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာသဖြင့် ဒေသခံပြည်သူများ၏ လယ်ယာသုံးစက်ပစ္စည်းများသွားလာရေးနှင့် လယ်ယာ ထွက်ကုန်များသယ်ယူပို့ဆောင်ရေးတွင် ပိုမိုအဆင်ပြေလွယ်ကူလာသည့်အတွက် ပျက်စီးလွယ် သော ကောက်ပဲသီးနှံများသယ်ယူပို့ဆောင်ချိန်တွင် ပျက်ဆီးဆုံးရှုံးမှုလျော့နဲစေခြင်းနှင့် ကုန်ပစ္စည်း များ သယ်ယူပို့ဆောင်ခြင်းများတွင် အချိန်ကုန်သက်သာစေခြင်း စတဲ့ အကျိုးကျေးဇူးများစွာ ဖြစ် ထွန်းစေမှာ ဖြစ်ပါသည်။

ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ

ကုန်ထုတ်လမ်း၊တံတားလုပ်ငန်းများအား လျာထားအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးရွာလူထုအတွက် အမှန်တကယ်အကျိုးပြုသောလုပ်ငန်းများဖြစ်စေရန်အတွက် လုပ်ငန်းတစ်ခု ချင်းစီအလိုက်အကြိုကွင်းဆင်းခြင်း (Feasibility Study)များဆောင်ရွက်ပြီး လုပ်ငန်းတည်နေရာ နှင့်ဖြစ်နိုင်ခြေရှိသောလမ်းအူကြောင်း ရှာဖွေသတ်မှတ်ခြင်း၊ အခြားဌာနဆိုင်ရာများ၏လုပ်ပိုင်ခွင့် ရှိသောလမ်းစာရင်းတွင် ပါဝင်ခြင်းရှိမရှိ ၊ အကျိုးပြုပမာဏ၊ အကျိုးပြုဦးရေ၊ စီးပွားရေးအရ တွက်ခြေကိုက်မှုအခြေအနေများ၊ ဘေးကင်းလုံခြုံမှုဆိုင်ရာအခြေအနေများ၊ လုပ်ငန်းဆောင်ရွက် ခြင်းကြောင့်ထိခိုက်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများအား Feasibility Study Report ရေးသားပြုစု၍ ဆောင်ရွက်လျက်ရှိပါသည်။

ကုန်ထုတ်လမ်းတံတားလုပ်ငန်းများအား မြေပြင်တွင် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် “ကျေးလက်ကုန်ထုတ်လမ်းတည်ဆောက်ရေးလက်စွဲ အား ရေးဆွဲ ပြုစုထုတ်ဝေခဲ့ပြီးဖြစ်ပြီး အထောက်အကူပြုကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်း၊ ကျေးရွာကော်မတီသို့လုပ်ငန်းလွှဲပြောင်းခြင်း စသည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့အား လက်စွဲပါ ညွှန်ကြားချက်များအတိုင်း အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပါသည်။

အဆိုပါလက်စွဲတွင် နည်းပညာပိုင်းဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းအရည်အသွေး စံသတ်မှတ်ချက်များ၊ လုပ်ငန်းစဉ်အဆင့်ဆင့်Form ပုံစံများအားလည်း ထည့်သွင်းဖော်ပြထားရှိပြီး မြေပြင်အကောင်အထည်ဖော်ဆောင်ရွက်မှု၏ အားနည်းချက်၊ အားသာ ချက်များကို သင်ခန်းစာရယူ၍ လက်စွဲအား ပြင်ဆင်/ဖြည့်စွက်ခြင်းများကို ဆောင်ရွက်လျက်ရှိပါ သည်။

ဆောင်ရွက်ပြီးသည့်လမ်းများ ရေရှည်တည်တန့်စေရန်အတွက် ကျေးရွာသူ၊ ကျေးရွာသား များပါဝင်သည့် ပြုပြင်ထိမ်းသိမ်းရေးကော်မတီဖွဲ့စည်းပေးပြီး ကော်မတီမှ လမ်းပြုပြင်ထိမ်းသိမ်း ရေးအစီအမံများရေးဆွဲခြင်း၊ ရန်ပုံငွေထူထောင်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖေါ်ရာတွင် ကြီးကြပ်ခြင်းနှင့် အများပြည်သူသိရှိရန်ချပြရှင်းလင်းခြင်းတို့ ဆောင်ရွက်သွားရမည် ဖြစ်ပါသည်၊၊ ထိမ်းသိမ်းရေးကော်မတီများအား လုပ်ငန်းလည်ပတ်ရေးနှင့် ပြုပြင်ထိမ်းသိမ်းရေးသင်တန်းပို့ချ ခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါသည်၊၊

အကောင်အထည်ဖော်ဆောင်ရွက်မှု

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ကုန်ထုတ်လမ်းတံတား လုပ်ငန်းများကို ၂၀၁၈ခုနှစ် (၆လ) ဘတ်ဂျက်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၂ ခု (၆လ) ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေတို့ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်(၁၇)ခုရှိ ကျေးရွာပေါင်း(၂၅၇၂)ရွာတွင် ကုန်ထုတ်လမ်း ပေါင်း (၁၆၈၃)လမ်း၊ လမ်းမိုင်ပေါင်း (၂၂၆၆/၇.၁)မိုင်နှင့် ကုန်ထုတ်တံတားပေါင်း (၃၀၆၆)စင်း၊ တံတားပေပေါင်း (၃၂၇၃၇)ပေအား ကုန်ကျငွေကျပ် (၁၀၆၃၉၂.၈၆)သန်းဖြင့် သတ်မှတ် စံချိန် စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လူဦးရေ (၂၉၂၉၁၆၈)ဦးနှင့် စိုက်ပျိုး/မွေးမြူရေးဧက (၁၆၅၂၈၄၈)ဧကတို့ကို အကျိုးပြုပေးနိုင်ခဲ့ပြီး ဖြစ်ပါ သည်။

စဉ်

ဘဏ္ဍာရေးနှစ်

မြို့နယ်

ကျေးရွာ

ကုန်ထုတ်လမ်း

ကုန်ထုတ်တံတား

ကုန်ကျငွေ
(ကျပ်သန်း)

အကျိုးပြု
လူဦးရေ

အကျိုးပြုဧက
(စိုက်ပျိုး/
မွေးမြူရေး)

အရေ
အတွက်

မိုင်/ဖာလုံ

အရေ
အတွက်

ပေ

၂၀၁၈ ခုနှစ် (၆လ)

၇၃

၁၀၄

၈၀

၇၅/၀.၄

၄၀

၂၅၃

၂၀၁၄.၈၆

၉၁၄၄၂

၁၉၇၆၈၅

၂၀၁၈-၂၀၁၉

၁၇၀

၃၂၂

၂၂၀

၂၆၇/၆.၇

၂၂၂

၂၃၆၀.၂၅

၁၁၄၈၅.၄၈

၃၉၇၇၃၃

၁၄၉၁၈၃

၂၀၁၉-၂၀၂၀

၃၀၂

၇၄၁

၄၉၉

၇၃၀/၄.၁

၁၀၄၂

၉၃၈၅.၈

၃၁၄၃၅.၅၅

၈၃၅၃၂၀

၄၉၅၇၁၅

၂၀၂၀-၂၀၂၁

၃၃၀

၈၆၀

၅၈၂

၈၃၄/၀.၉

၁၂၅၄

၁၆၀၃၁.၈

၄၁၃၈၆.၈၂

၁၀၇၂၃၈၇

၅၄၄၆၁၈

၂၀၂၁-၂၀၂၂ (၆လ)

၂၅၁

၅၄၅

၃၀၂

၃၅၉/၃

၅၀၈

၄၇၀၅.၉၅

၂၀၀၇၀.၁၄၆

၅၃၂၂၈၆

၂၆၅၆၄၇

 

စုစုပေါင်း

     

၂၅၇၂

၁၆၈၃

၂၂၆၆/၇.၁

၃၀၆၆

၃၂၇၃၇

၁၀၆၃၉၂.၈၆

၂၉၂၉၁၆၈

၁၆၅၂၈၄၈

 

၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်ရန်ပုံငွေ တို့ဖြင့် တိုင်းဒေသကြီး/ပြည်နယ်(၁၇)ခုတွင် ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်းများအား အောက်ပါအတိုင်း လျာထားဆောင်ရွက်သွားမည် ဖြစ်ပါသည်-

စဉ်

ရန်ပုံငွေ

မြို့နယ်

ကျေးရွာ

ကုန်ထုတ်လမ်း

ကုန်ထုတ်တံတား

ကုန်ကျငွေ
(ကျပ်သန်း)

အကျိုးပြု
လူဦးရေ

အကျိုးပြုဧက
(စိုက်ပျိုး/
မွေးမြူရေး)

အရေ
အတွက်

မိုင်/ဖာလုံ

အရေ
အတွက်

ပေ

ပြည်ထောင်စု

၂၂၁

၃၉၃

၂၅၅

၃၅၅/၆.၁၃

၅၄၃

၄၉၁၈

၂၁၉၀၀.၁၅၆

၃၂၄၃၀၁

၁၉၈၇၅၆

ပြည်နယ်

၁၈၀

၅၁၁

၃၂၇

၄၈၈/၇.၅၅

၅၈၇

၇၇၁၀

၃၂၃၀၉.၇၀၃

၅၃၇၅၂၆

၃၂၀၇၇၃

 

စုစုပေါင်း

     

၉၀၄

၅၈၂

၈၄၄/၅.၆၈

၁၁၃၀

၁၂၆၂၈

၅၄၂၀၉.၈၅၉

၈၆၁၈၂၇

၅၁၉၅၂၉

 

ဖွံ့ဖြိုးရေးစီမံကိန်းများတွင် အကောင်အထည်ဖော်ဆောင်ရွက်မှု

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်ပမှစားသုံးဆီတင်သွင်းမှု လျော့ချ နိုင်စေရန်၊ ပြည်တွင်းစားသုံးဆီဖူလုံစေရန်နှင့် တောင်သူများဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိ ပါသည်။

ဆီထွက်သီးနှံများစိုက်ပျိုးခြင်းမှ ထွက်ရှိလာသည့်ထုတ်ကုန်များ သယ်ယူပို့ဆောင်ရာတွင် လွယ်ကူလျှင်မြန်စေပြီး ဈေးကွက်နှင့်ပိုမိုလက်လမ်းမီ ချိတ်ဆက်နိုင်စေရန်နှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်း(၁၄/၅)မိုင်အား ငွေကျပ် (၅၀၀)သန်းဖြင့် လျာထားဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသ၏ အခြေခံလိုအပ် ချက်များဖြစ်သည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများအား  အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကိုဖော်ဆောင်နိုင်ရန်အတွက် နည်းပညာဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကုန်ထုတ်လမ်းများမှာ အမာခံ လမ်းများဖြစ်ပြီး လမ်းခင်းပစ္စည်းရှားပါးသောဒေသများတွင် အစားထိုးဆောင်ရွက်နိုင်ရန်နှင့် ဒေသထွက်မြေကိုအခြေခံပြီး ဆောင်ရွက်၍ရသည့် အမာခံလမ်းဖြစ်စေရန်ရည်ရွယ်၍ ထုံးဖြင့် အားဖြည့်ရောစပ်ခြင်း (Lime Stabilization)နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းကို ၂၀၂၁-၂၀၂၂ခု (၆လ)ဘဏ္ဍာရေးနှစ်တွင် Pilot Project အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ်တွင် ကုန်ထုတ်လမ်း (၀/၆)မိုင် အား ကုန်ကျငွေကျပ် (၁၀၀)သန်းဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်မြို့နယ်တွင် ကုန်ထုတ်လမ်း (၀/၆)မိုင်အား ကုန်ကျငွေကျပ် (၁၀၀)သန်းဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

Lime Stabilization လမ်းများအား ဆောင်ရွက်ခြင်းဖြင့် လမ်းခင်းပစ္စည်းရှားပါးမှု/ သယ်ယူပို့ဆောင်ခမြှင့်မားမှု ပြဿနာတို့ကို လျော့ချပေးနိုင်ခြင်း၊ ဒေသထွက်ပစ္စည်းကိုသုံးစွဲ၍ ဆောင်ရွက်ခြင်းကြောင့် သယ်ယူစရိတ်လျော့နည်းလာသည့်အတွက် အဆိုပါသယ်ယူစရိတ် ကုန်ကျငွေတန်ဖိုးအား လမ်းလုပ်ငန်းတွင် ပိုမိုအသုံးပြုလာနိုင်ခြင်း၊ Stabilized Road Base များ သည် ရိုးရိုး Sub Base များထက်ပို၍ Strength ရရှိခြင်းနှင့် မျက်နှာပြင်ပိုမိုပြေပြစ်ချောမွေ့စေ ခြင်း စသည့် အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပြီး အဆိုပါ Pilot လမ်းများအား ယခင်ဆောင် ရွက်လျက်ရှိသည့် အမာခံလမ်းများနှင့်နှိုင်းယှဉ်၍ အားနည်းချက်၊ အားသာချက်များအားလည်း သုတေသနပြု လေ့လာဆန်းစစ်ခြင်းများလည်း ဆောင်ရွက်လျက်ရှိပါသည်။

Lime Stabilization လမ်းများအား ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် အောက်ပါအတိုင်း လျာထားဆောင်ရွက်သွားမည် ဖြစ်ပါသည်-

စဉ်

တိုင်းဒေသကြီး

မြို့နယ်

လုပ်ငန်းအမည်

အမျိုးအစား

အတိုင်းအတာ

ခန့်မှန်း
ကုန်ကျငွေ
(ကျပ်သန်း)

မှတ်ချက်

ရန်ကုန်

လှည်းကူး

သခွပ်ပင်ကျေးရွာကုန်ထုတ်လမ်း

မြေသား

၁/၃.၈၂မိုင် ×၁၄'×၂'

၂၅၇.၀၀

 

 

 

 

 

Lime Stabilized

၁/၃.၈၂မိုင် ×၁၂'×၁'

 

 

 

 

 

 

 

 

 

 

ဧရာဝတီ

ကြံခင်း

ကိုးအင်းကျေးရွာကုန်ထုတ်လမ်း

မြေသား

၁/၄ မိုင် ×၁၈'×၂'

၂၃၀.၀၀

 

 

 

 

 

Lime Stabilized

၁/၄ မိုင် ×၁၂'×၁'

 

 

 

စုစုပေါင်း

 

 

 

 

၄၈၇.၀၀

 

 

 

 

 

စီမံကိန်းခေါင်းစဉ် စီမံကိန်းခေါင်းစဉ် ရိုက်ပါ
ထောက်ပံ့သည့်အဖွဲ့အစည်း  
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း  
ကာလ  
ဆောင်ရွက်သည့်နေရာ/ အကောင်ထည့်ဖော်ဆောင်ရွက်သည့်နေရာ  
ရည်ရွယ်ချက်  
အကျိုးကျေးဇူးရရှိသူများ  
ချဉ်းကပ်သည့်ပုံစံ  
လုပ်ဆောင်ချက်များ  
အကျိုးကျေးဇူး/ရလာဒ်  
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ  
# Title / Total Download