Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တရုတ်နိုင်ငံIPRCCနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း

စီမံကိန်း
မြစိမ်းရောင်ကျေးရွာ စီမံကိန်း
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း
အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း(မဟာဓာတ်အားလိုင်းပြင်ပ)
လူထုဗဟိုပြု စီမံကိန်း
တရုတ်နိုင်ငံIPRCCနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း
အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း
ကျေးလက်ရေပေးရေးစီမံကိန်းများ
လယ်ယာကုန်ထုတ်လမ်းစီမံကိန်းများ
ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း
ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း

စီမံကိန်းနောက်ခံအကြောင်းအရာ

  • ၂၀၁၄ခုနှစ် ၊ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သော အာဆီယံ+၃ ထိပ်သီး       အစည်းအဝေး၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် Mr. Li  Keqiang         ခေါင်းဆောင်မှ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး   လုပ်ငန်းအစီအစဉ်ဆောင်ရွက်ရန်         အဆိုပြုခဲ့သည့် စီမံကိန်း ဖြစ်ပါ သည်။
  • ယင်းပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ်(Action Plan)အား ၂၀၁၅   ခုနှစ်၊ အောက်တိုဘာလတွင်  လာအိုနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် (၁၂) ကြိမ် မြောက်အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး     အဆင့်မြင့်အရာရှိကြီးများ အဆင့်အစည်းအဝေး (12thSOMRDPE)တွင်     အတည်ပြုခဲ့ပါသည်။
  • ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း အား လာအို၊ မြန်မာ          နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင်၂၀၁၆ခုနှစ်မှ စတင်၍  (၃)နှစ်       အကောင်         အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်  စီမံကိန်းဖြစ်ပါသည်။
  • မြန်မာနိုင်ငံအနေဖြင့် နှစ်ဘက်သဘောတူညီချက်စာလွှာ (Exchange   Letter) အား ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် လက်မှတ်ရေး     ထိုးလဲလှယ်ခဲ့ပြီး ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့တွင်     စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပါသည်။

၂။     စီမံကိန်းရည်ရွယ်ချက်

                 တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများနှင့်  ပူးပေါင်းဆောင်ရွက်မှုများ မျှဝေ ဖလှယ်ခြင်းမှတဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ၊

၃။     စီမံကိန်းလုပ်ငန်းများ(ဆောင်ရွက်သည့်လုပ်ငန်းများ)

  • အခြေခံအဆောက်အအုံတည်ဆောက်ခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှု ဆိုင်ရာလုပ်ငန်းများ
  • အိမ်ထောင်စုချင်းအလိုက် အသက်မွေးဝမ်းကျောင်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ
  • အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ
  • အတွေ့အကြုံမျှဝေဖလှယ်ခြင်းလုပ်ငန်းများ
  • နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးနှင့်အကြံပေးငှားရမ်းခြင်း
  • စီမံကိန်းစီမံခန့်ခွဲခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

စီမံကိန်းအမည်

ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေး စံပြ စီမံကိန်း

ရည်ရွယ်ချက်

တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဆင်းရဲမှု လျော့ချရေးနှင့် ဖွံ့ဖြိုး တိုးတက် ရေးဆိုင်ရာ အတွေ့အကြုံများ မျှဝေဖလှယ်ခြင်းဖြင့်  ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍကို အားပေးမြှင့်တင်ရန် ၊

စီမံကိန်းကာလ

၂၃.၂.၂၀၁၈  မှ ၂၃.၂.၂၀၂၁ ထိ၊(၃) နှစ်

ထောက်ပံ့ငွေပမာဏ(Commitment)

တရုတ်ယွမ် (၃၃.၃၃) သန်း

စီမံကိန်းဒေသ

လယ်ဝေးမြို့နယ်၊ မင်းပြင်ကျေးရွာနှင့် တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာ။

ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်း

တရုတ်နိုင်ငံအပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျော့ချရေးဗဟို ဌာန (International Poverty Reduction Centre China) (IPRCC)နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန

ဆောင်ရွက်မည့်နည်းလမ်း/ချဉ်းကပ်သည့်ပုံစံ

အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်မှု ဒေသခံများ ပူးပေါင်ပါဝင်သည့် စီမံကိန်း ရေးဆွဲခြင်း ၊ ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးမှု

ဆောင်ရွက်မည့်လုပ်ငန်း
  • အခြေခံအဆောက်အအုံတည်ဆောက်ခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ
  • အိမ်ထောင်စုချင်းအလိုက် အသက်မွေးဝမ်းကျောင်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ
  • အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ
  • အတွေ့အကြုံမျှဝေဖလှယ်ခြင်းလုပ်ငန်းများ
  • နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး နှင့်အကြံပေးငှားရမ်းခြင်း
  • စီမံကိန်းစီမံခန့်ခွဲခြင်းနှင့်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ
အကျိုးကျေးဇူး/ရလာဒ်
  • အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများမှ တဆင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက် လာစေရေး နှင့် လူနေမှုအဆင့် အတန်း တိုးတက်မြှင့် မားလာစေခြင်း၊
  • အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှတဆင့် အလုပ် အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးပွား လာစေခြင်း၊
  • ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စွမ်းဆောင် ရည်မြှင့်မားလာခြင်း၊
  • သဘာဝဘေးအန္တ္တရာယ် ကြိုတင် ကာကွယ်မှု ဆိုင်ရာ အသိပညာများ တိုးပွား လာသည့်  လူမှုအဖွဲ့အစည်း ဖြစ် ပေါ်လာစေခြင်း၊
  • ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေး အကောင်အထည်ဖော်မှုစနစ်တစ်ခု တီထွင်ဖန်တီးဖြစ်ပေါ်လာစေခြင်း၊
ဆက်သွယ်ရန်လိပ်စာ

ရုံးအမှတ်(၃၆)၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန

   
# Title / Total Download