မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကြောင်း
၁။ နိဒါန်း
၂။ စီမံကိန်း ရည်ရွယ်ချက်
၃။ စီမံကိန်း အစိတ်အပိုင်းများ
(က) ဆောင်ရွက်မည့်နည်းလမ်း
မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် ကျေးရွာတစ်ရွာလျှင် အရင်း မပျောက်လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ်သန်း(၃၀)အား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ နိုင်ငံတော်ရန်ပုံငွေမှ မတည်ပေးမည်ဖြစ်ပါသည်။ ယင်း မတည်ပေးထားသော အရင်းမပျောက်လည်ပတ်ရန်ပုံငွေအား ကျေးရွာအတွင်းရှိ အိမ်ထောင်စုများထံ သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေး၍ ရန်ပုံငွေတိုးပွား စေကာ ရေရှည်တည်တံ့ လည်ပတ်စေမည့်နည်းလမ်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။
မြစိမ်းရောင်လည်ပတ်ရန်ပုံငွေမှ ကျေးရွာသူ၊ ကျေးရွာသားများအား ချေးငွေ ထုတ်ချေးပေးရာတွင် အတိုးနှုန်းကို ငွေတစ်ရာကျပ်အတွက် တစ်လလျှင် ပြား(၅၀) နှုန်းမှ တစ်ကျပ်ပြား(၅၀)နှုန်းအတွင်း ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီမှ အများ သဘောတူ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ပေးနိုင်ပါသည်။
(ခ) စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် အခြေခံရမည့် စံနှုန်းများ
(၁) ဆင်းရဲသော ကျေးရွာ၊
(၂) စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသော ကျေးရွာ၊
(၃) တရားဥပဒေစိုးမိုးခြင်း(အရက်ပုန်း၊ လောင်းကစား၊ မူးယစ်ဆေးဝါးကင်းစင် ခြင်း)၊
(၄) ကျေးရွာသူ/ကျေးရွာသားများ၏ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှု၊ (ကျေးရွာများမှ စီမံကိန်းဆောင်ရွက်ရန် လိုလားစွာတင်ပြတောင်းဆိုမှု)၊
(၅) လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေး ချမ်းမှု၊
(၆) အိမ်ခြေအနည်းဆုံး (၈၀)နှင့် အထက်ရှိသောကျေးရွာ၊ (အကယ်၍ အိမ်ခြေ (၈၀) အောက် လျော့နည်းပါက အုပ်ချုပ်မှုလွယ်ကူသည့် နီးစပ်ရာကျေးရွာ များနှင့် ပေါင်းစပ်ဖွဲ့စည်းရမည်။)
(ဂ) ဆောင်ရွက်မည့်လုပ်ငန်းများ
အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ကျေးလက်အိမ်ထောင်စုများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်း အဝယ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ စသည့် ဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းအမျိုးအစားအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁၂/၂၀၂၃)
စဉ် |
လုပ်ငန်းအမျိုးအစား |
အိမ်ထောင်စု |
ထုတ်ချေးငွေ (ကျပ်သန်း) |
ရာခိုင်နှုန်း |
၁ |
စိုက်ပျိုးရေး |
၇၆၃၁၂၉ |
၃၀၂,၉၆၈.၀၅၁ |
၆၀.၀၈ |
၂ |
မွေးမြူရေး |
၄၁၅,၈၉၀ |
၁၂၉,၄၅၇.၄၂၅ |
၂၅.၆၇ |
၃ |
ရေလုပ်ငန်း |
၃၅,၉၀၆ |
၁၀,၀၀၉.၆၆၉ |
၁.၉၉ |
၄ |
မီးလင်းရေး |
၉၀ |
၅၀.၉၁၀ |
၀.၀၁ |
၅ |
အရောင်းအဝယ် |
၁၀,၁၉၉ |
၃,၅၅၃.၁၉၁ |
၀.၇၀ |
၆ |
ကုန်ထုတ်လုပ်ငန်း |
၁၁၁,၇၉၁ |
၄၃,၄၃၉.၃၅၂ |
၈.၆၁ |
၇ |
အခြားအသက်မွေးဝမ်းကျောင်း |
၄၃,၅၂၉ |
၁၃,၂၇၉.၈၉၂ |
၂.၆၃ |
၈ |
အသေးစားစက်မှုလက်မှုလုပ်ငန်း |
၄,၀၁၈ |
၁,၄၉၉.၁၃၀ |
၀.၃၀ |
စုစုပေါင်း |
၁,၃၈၄,၅၅၂ |
၅၀၄,၂၅၇.၆၁၈ |
၁၀၀ |
(ဃ) စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီ
မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအဆင့် (စီမံကိန်းဗဟိုကြီးကြပ်မှုကော်မတီ)၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့် (စီမံကိန်းကြီးကြပ်မှုကော်မတီ)၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ကျေးရွာအဆင့်တို့တွင် (စီမံကိန်းလုပ်ငန်းအဖွဲ့) အသီးသီးအား ဖွဲ့စည်းကြီးကြပ် ဆောင်ရွက်လျက် ရှိသည်။
(င) စီမံကိန်းအကျိုးကျေးဇူးများ
စီမံကိန်းကျေးရွာများတွင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေထူထောင်၍ မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများမှ အောက်ပါ အတိုင်း ဖြစ်ပါသည်-
(၁) ကျေးရွာစိတ်ဓာတ်ဖွံ့ဖြိုးလာအောင် အဆင့်ဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခြင်း၊
(၂) ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာခြင်း၊
(၃) ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများရရှိလာခြင်း၊
(၄) စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာခြင်း၊
(၅) ဒေသခံပြည်သူများ အကြွေးဝန်ထုတ်ဝန်ပိုးလျော့ကျလာခြင်း၊
(၆) တိုးပွားလာသောငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊
(၇) စွမ်းဆောင်ရည်မြင့်မားလာခြင်းနှင့် ဒီမိုကရေစီနည်းလမ်းကျကျ စုပေါင်းညှိနှိုင်းဆောင် ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာခြင်း၊
(၈) ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအလေ့အထများ ဖွံ့ဖြိုးလာခြင်း၊
(၉) အသိဉာဏ်နှင့် ဗဟုသုတများ တိုးပွားလာခြင်း၊
(၁၀) အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာခြင်း၊
(၁၁) နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ပြည်သူဗဟိုပြုဖွံ့ဖြိုး ရေးလုပ်ငန်းများကိုဖော်ဆောင်နိုင်ခြင်းနှင့် အောက်ခြေအဆင့်မှ တင်ပြချက်များကို အကောင်အထည်ဖော်နိုင်ခြင်း။
(စ) အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
စီမံကိန်းကာလ (၃)နှစ် ပြည့်မြောက်ပြီး စတုတ္ထနှစ် (သို့မဟုတ်) အတိုးရငွေ စုစုပေါင်း ကျပ် (၁၀) သန်းနှင့်အထက် ရရှိလျှင် အတိုးရငွေ (၅၀%) ကို ပြန်လည်ထုတ်ချေးပြီး ကျန် (၅၀%)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ပါသည်။
ပြည်နယ်/တိုင်းဒေသကြီး(၁၇)ခုတို့တွင် စီမံကိန်းအတိုးရငွေ (၅၀%) ဖြင့် (၁၂/၂၀၂၃) လအထိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှု အခြေအနေမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
(ကျပ်သန်း)
စဉ် |
လုပ်ငန်းအမျိုးအစား |
အရေအတွက် |
အတိုးရငွေ(၅၀%)မှ သုံးစွဲငွေ |
ပြည်သူ ထည့်ဝင်ငွေ |
စုစုပေါင်း |
၁ |
လမ်း/တံတား |
၂၅၂၆ |
၁၉၇၅၁.၃၈၀ |
၃၃၅၄.၅၁၅ |
၂၃၁၀၅.၈၉၅ |
၂ |
ရေပေးရေး |
၃၅၀ |
၁၆၃၃.၈၂၈ |
၂၈၂.၈၈၅ |
၁၉၁၆.၇၁၃ |
၃ |
မီးလင်းရေး |
၁၀၆၈ |
၈၉၂၉.၇၂၅ |
၁၀၉၁၇.၁၀၇ |
၁၉၈၄၆.၈၃၂ |
၄ |
ပညာရေး |
၁၅၃ |
၁၀၉၆.၅၂၈ |
၄၂၅.၈၉၁ |
၁၅၂၂.၄၁၉ |
၅ |
စာကြည့်တိုက် |
၁၃ |
၆၇.၇၂၀ |
၂၄.၆၀၇ |
၉၂.၃၂၇ |
၆ |
ကျန်းမာရေး |
၈ |
၅၄.၅၁၈ |
၄၁.၅၂၉ |
၉၆.၀၄၇ |
၇ |
ကျေးရွာခန်းမဆောင် |
၂၅၇ |
၂၇၄၂.၃၉၈ |
၁၀၀၀.၆၉၀ |
၃၇၄၃.၀၈၈ |
၈ |
အခြား |
၃၀၈ |
၁၇၀၉.၉၈၄ |
၃၁၈.၆၄၀ |
၂၀၂၈.၆၂၃ |
စုစုပေါင်း |
၄၆၈၃ |
၃၅၉၈၆.၀၈၁ |
၁၆၃၆၅.၈၆၄ |
၅၂၃၅၁.၉၄၄ |
(ဆ) စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း
စီမံကိန်းကျေးရွာများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှ ကောက်နုတ်စစ်ဆေးခြင်း၊ ပြည်နယ်/တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ၁၅%၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀%၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၁၀၀% ကွင်းဆင်းစစ်ဆေး ခြင်းများကို ဆောင်ရွက်ရမည်။ ထို့အပြင် ဝန်ထမ်းတစ်ဦးလျှင် စီမံကိန်းကျေးရွာ (၅) ရွာ ပုံသေသတ်မှတ် တာဝန်ပေးအပ်ခြင်းနှင့် M&E ပုံစံများ ဖြင့် လစဉ်အစီရင်ခံစာ တင်ပြခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။
စီမံကိန်းဆိုင်ရာအချက်အလက်များ
စီမံကိန်းခေါင်းစဉ် အပြည့်အစုံ (အင်္ဂလိပ်၊ မြန်မာ) |
မြစိမ်းရောင်ကျေးရွာ စီမံကိန်း (Evergreen Village Development Project) |
ရည်ရွယ်ချက် |
|
စီမံကိန်းကာလ |
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ |
ထောက်ပံ့ငွေ ပမာဏ |
အိမ်ခြေ (၁၀၁)နှင့်အထက်(Type-1) - ကျပ်သန်း ၃၀ အိမ်ခြေ (၅၁)နှင့် (၁၀၀)ကြား(Type-2) - ကျပ်သန်း ၂၀ အိမ်ခြေ (၅၀)နှင့် အောက် (Type-3) - ကျပ်သန်း ၁၀ အိမ်ခြေ(၈၀)အောက်လျော့နည်းသော ကျေးရွာများအား စုစည်းဆောင်ရွက်ခြင်း ကျပ်သန်း ၃၀ (Type-4) |
စုစုပေါင်းငွေပမာဏ |
(၃၆၄.၂၄) ဘီလီယံ၊ (၂၀၁၄-၂၀၁၅ မှ ၂၀၂၃ -၂၀၂၄ ထိ) |
စီမံကိန်းဒေသ |
ပြည်နယ်/တိုင်းဒေသကြီး(၁၇)ခု မြို့နယ်(၂၈၉)မြို့နယ်၊ ကျေးရွာ (၁၂၄၇၅)ရွာ |
ထောက်ပံ့သည့် အဖွဲ့အစည်း |
နိုင်ငံတော် ရန်ပုံငွေ |
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း |
Ecodev Myanmar ၊ Social Policy and Poverty Research Group (SPPRG)၊ Centre for Good Governance (CGG) |
ဆောင်ရွက်မည့် နည်းလမ်း/ ချဉ်းကမ်သည့်ပုံစံ |
စီမံကိန်းဆောင်ရွက်မည့် ကျေးရွာတစ်ရွာလျှင် အရင်း မပျောက် လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ် သန်း(၃၀)အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နိုင်ငံတော် ရန်ပုံငွေမှ မတည်ပေးမည်ဖြစ်ပါသည်။ ယင်းမတည်ပေး ထားသော အရင်းမပျောက်လည်ပတ်ရန်ပုံငွေအား ကျေးရွာ အတွင်းရှိ အိမ်ထောင်စုများထံ သက်သာသော အတိုးနှုန်း ဖြင့် ထုတ်ချေး၍ ရန်ပုံငွေတိုးပွားစေကာ ရေရှည်တည်တံ့ လည်ပတ်စေမည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ |
ဆောင်ရွက်မည့် လုပ်ငန်း |
စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်းရေး၊ ကုန် ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းစသည့် ဝင်ငွေတိုးပွားရေး လုပ်ငန်းများဆောင်ရွက်နိုင်ပါသည်။ |
အကျိုးကျေးဇူး/ရလဒ် |
(က) ကျေးရွာစိတ်ဓာတ်ဖွံ့ဖြိုးလာအောင် အဆင့်ဆင့်မြှင့် တင်ဆောင်ရွက်နိုင်ခြင်း၊ ( ခ) ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာခြင်း၊ (ဂ) ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများရရှိလာခြင်း၊ (ဃ) စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာခြင်း၊ (င) ဒေသခံပြည်သူများ အကြွေးဝန်ထုတ်ဝန်ပိုးလျော့ကျ လာခြင်း၊ (စ) တိုးပွားလာသောငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ် ငန်းများဆောင်ရွက်နိုင်ခြင်း၊ (ဆ) စွမ်းဆောင်ရည်မြင့်မားလာခြင်းနှင့် ဒီမိုကရေစီ နည်း လမ်းကျကျ စုပေါင်းညှိနှိုင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိလာခြင်း၊ (ဇ) ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အလေ့အထများ ဖွံ့ဖြိုးလာခြင်း၊ ( ဈ) အသိဉာဏ်နှင့် ဗဟုသုတများ တိုးပွားလာ ခြင်း၊ (ည) အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာ ခြင်း၊ (ဋ) နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တစ်ခု ဖြစ်သည့် ပြည်သူဗဟိုပြုဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖော် ဆောင်နိုင်ခြင်းနှင့် အောက်ခြေအဆင့်မှ တင်ပြ ချက်များကို အကောင်အထည်ဖော်နိုင်ခြင်း။ |
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ |
Ecodev - အမှတ် (၅၃၁-D) မာလာမြိုင် ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ SPPRG - အမှတ်(၄-D)၊ ၄ လွှာ၊ မြိုင်ဟေဝန် အိမ်ရာ၊ ၈- မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ CGG - အမှတ်(၃၄L/၁)၊ စမ်းရေတွင်းလမ်း၊ သာသနာ့ ရိပ်သာရပ်ကွက်၊ ဗဟန်း မြို့နယ်၊ ရန်ကုန်မြို့ |
စီမံကိန်းဆိုင်ရာအချက်အလက်များ
စီမံကိန်းခေါင်းစဉ် အပြည့်အစုံ (အင်္ဂလိပ်၊ မြန်မာ) |
မြစိမ်းရောင်ကျေးရွာ စီမံကိန်း (Evergreen Village Development Project) |
ရည်ရွယ်ချက် |
|
စီမံကိန်းကာလ |
|
ထောက်ပံ့ငွေ ပမာဏ |
(၃၅၇.၆၄၀) ဘီလီယံ (၂၀၁၄-၂၀၁၅ မှ ၂၀၂၂-၂၀၂၃ ထိ) |
စီမံကိန်းဒေသ |
ပြည်နယ်/တိုင်းဒေသကြီး(၁၇)ခု မြို့နယ်(၂၈၉)မြို့နယ်၊ ကျေးရွာ (၁၂၄၇၅)ရွာ |
ထောက်ပံ့သည့် အဖွဲ့အစည်း |
နိုင်ငံတော် ရန်ပုံငွေ |
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း |
Ecodev Myanmar ၊ Social Policy and Poverty Research Group (SPPRG)၊ Centre for Good Governance (CGG) |
ဆောင်ရွက်မည့် နည်းလမ်း/ ချဉ်းကမ်သည့်ပုံစံ |
စီမံကိန်းဆောင်ရွက်မည့် ကျေးရွာတစ်ရွာလျှင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ် သန်း(၃၀)အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ နိုင်ငံတော်ရန်ပုံငွေမှ မတည် ပေးမည်ဖြစ်ပါသည်။ ယင်းမတည် ပေးထား သော အရင်းမပျောက်လည်ပတ်ရန်ပုံငွေအား ကျေးရွာအတွင်းရှိ အိမ်ထောင်စုများထံ သက် သာသော အတိုးနှုန်းဖြင့် ထုတ်ချေး၍ ရန်ပုံငွေ တိုးပွားစေကာ ရေရှည်တည်တံ့ လည်ပတ် စေမည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ |
ဆောင်ရွက်မည့် လုပ်ငန်း |
စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်း ရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများစသည့် ဝင်ငွေတိုးပွားရေး လုပ်ငန်းများဆောင်ရွက်နိုင် ပါသည်။ |
အကျိုးကျေးဇူး/ရလဒ် |
(က) ကျေးရွာစိတ်ဓာတ် ဖွံ့ဖြိုးလာအောင် အဆင့် ဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခြင်း၊ ( ခ) ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွား လာခြင်း၊ ( ဂ) ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းနှင့် နည်းပညာများရရှိလာခြင်း၊ (ဃ) စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း နှင့် အသေးစားစီးပွားရေးလုပ် ငန်းများဖွံ့ဖြိုး တိုးတက်လာခြင်း၊ ( င) ဒေသခံပြည်သူများ အကြွေးဝန်ထုတ် ဝန်ပိုး လျော့ကျလာခြင်း၊ ( စ) တိုးပွားလာသောငွေများဖြင့် ကျေးရွာဖွံ့ဖြိုး ရေး လုပ်ငန်းများဆောင်ရွက်နိုင်ခြင်း၊ (ဆ) စွမ်းဆောင်ရည် မြင့်မားလာခြင်းနှင့် ဒီမို ကရေစီ နည်းလမ်းကျကျ စုပေါင်းညှိနှိုင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိလာခြင်း၊ ( ဇ) ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အလေ့ အထများ ဖွံ့ဖြိုးလာခြင်း၊ ( ဈ) အသိဉာဏ်နှင့် ဗဟုသုတများ တိုးပွားလာ ခြင်း၊ (ည) အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာခြင်း၊ ( ဋ) နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တစ်ခုဖြစ်သည့် ပြည်သူဗဟိုပြုဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖော်ဆောင်နိုင်ခြင်းနှင့် အောက်ခြေအဆင့်မှ တင်ပြချက်များကို အကောင်အထည်ဖော်နိုင်ခြင်း။ |
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ |
Ecodev- အမှတ် (၅၃၁-D) မာလာမြိုင် ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ SPPRG- အမှတ်(၄-D)၊ ၄ လွှာ၊ မြိုင်ဟေဝန် အိမ်ရာ၊ ၈-မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ CGG - အမှတ်(၃၄L/၁)၊ စမ်းရေတွင်းလမ်း၊ သာသနာ့ရိပ်သာရပ်ကွက်၊ ဗဟန်း မြို့နယ်၊ ရန်ကုန်မြို့ |
# | Title | / Total Download |
---|