Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြစိမ်းရောင်ကျေးရွာ စီမံကိန်း

မြစိမ်းရောင်ကျေးရွာ စီမံကိန်း

၁။ နိဒါန်း

  • ပြည်တွင်းနှင့် နိုင်ငံတကာဖွံ့ဖြိုးရေး အတွေ့အကြုံများအရ ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများသာမက မိသားစုဝင်ငွေတိုးပွားရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ကိစ္စရပ်များကို ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။
  • ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်တွင်း/ပြည်ပ ကျွမ်းကျင်ပညာရှင် များနှင့် ညှိနှိုင်းရေးဆွဲထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်ပါ စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူဗဟိုပြုအသွင်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း အဖွဲ့အစည်းများမှ ကောက်ယူခဲ့သည့် စစ်တမ်းများအရ ကျေးလက်အိမ်ထောင်စု (၇၅%)ခန့်သည် အသက်မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတိုးမဲ့ချေးငွေ (သို့မဟုတ်) အတိုးနည်းချေးငွေများ လိုအပ်လျက်ရှိ သည်ကို တွေ့ရှိရသည့်အတွက် ကျေးလက်ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း(၁၁၆၅၂)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ပါသည်။

၂။ စီမံကိန်း ရည်ရွယ်ချက်

  • အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက် ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊
  • တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊
  • ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော  ဘေးအန္တရာယ်များကျရောက်လာပါက တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်း များ ပေါ်ပေါက်လာစေရန်။

၃။ စီမံကိန်း အစိတ်အပိုင်းများ

  • မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် ကျေးရွာတစ်ရွာလျှင် အရင်းမပျောက် လည်ပတ် ရန်ပုံငွေအဖြစ် ငွေကျပ်သန်း(၃၀)အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နိုင်ငံတော်ရန်ပုံငွေမှ မတည်ပေးမည် ဖြစ်ပါသည်။  ယင်းမတည် ပေးထားသော အရင်းမပျောက်လည်ပတ်ရန်ပုံငွေအား ကျေးရွာအတွင်းရှိ အိမ်ထောင်စု များထံ သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေး၍ ရန်ပုံငွေတိုးပွားစေကာ ရေရှည်တည်တံ့လည်ပတ်စေမည့်နည်းလမ်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။   
  • မြစိမ်းရောင်လည်ပတ်ရန်ပုံငွေမှ ကျေးရွာသူ၊ ကျေးရွာသားများအား ချေးငွေထုတ်ချေး ပေးရာတွင် အတိုးနှုန်းကို ငွေတစ်ရာကျပ်အတွက် တစ်လလျှင် ပြား(၅၀)နှုန်းမှ တစ်ကျပ်ပြား (၅၀)နှုန်းအတွင်း ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီမှ အများသဘောတူ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ပေးနိုင်ပါသည်။

-    စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် အခြေခံရမည့် စံနှုန်းများ

     (က)  ဆင်းရဲသော ကျေးရွာ၊

              ( ခ)  စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသော ကျေးရွာ၊

              ( ဂ)  တရားဥပဒေစိုးမိုးခြင်း(အရက်ပုန်း၊ လောင်းကစား၊ မူးယစ်ဆေးဝါးကင်းစင်ခြင်း)၊

              (ဃ) ကျေးရွာသူ/ကျေးရွာသားများ၏  စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှု၊ (ကျေးရွာ များမှ စီမံကိန်းဆောင်ရွက်ရန် လိုလားစွာတင်ပြတောင်းဆိုမှု)၊

              ( င)  လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှု၊

               (စ) အိမ်ခြေအနည်းဆုံး (၈၀)နှင့် အထက်ရှိသောကျေးရွာ၊ (အကယ်၍အိမ်ခြေ(၈၀) အောက်လျော့နည်းပါက အုပ်ချုပ်မှုလွယ်ကူသည့် နီးစပ်ရာကျေးရွာများနှင့် ပေါင်းစပ်ဖွဲ့စည်းရမည်။)

          -    အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ကျေးလက်အိမ်ထောင်စုများ အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်း အဝယ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများစသည့် ဝင်ငွေတိုးပွားရေးလုပ်ငန်း                   များ ကို ဆောင်ရွက်နိုင်ပါသည်။

          -    မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းအမျိုးအစားအလိုက် အကောင် အထည်ဖော်ဆောင်ရွက်မှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

               (၅/၂၀၂၀)

  စဉ်

လုပ်ငန်းအမျိုးအစား

အိမ်ထောင်စု

ထုတ်ချေးငွေ

(ကျပ်သန်း)

ရာခိုင်နှုန်း

စိုက်ပျိုးရေး

၅၂၈၇၇၀

၁၉၆၉၈၈.၃၂၇

၅၇.၆၄

မွေးမြူရေး

၃၁၆၁၃၂

၉၃၁၈၉.၉၇၈

၂၇.၂၇

ရေလုပ်ငန်း

၂၈၀၆၀

၇၄၈၇.၀၀၉

၂.၁၉

မီးလင်းရေး

၄၅၀

၁၅၁.၀၁၀

၀.၀၄

အရောင်းအဝယ်

၇၈၁၁

၂၇၀၃.၇၇၄

၀.၇၉

ကုန်ထုတ်လုပ်ငန်း

၈၈၁၁၇

၃၂၂၁၆.၃၁၆

၉.၄၃

အခြားအသက်မွေးဝမ်းကျောင်း

၃၃၂၁၀

၉၀၀၆.၈၈၂

၂.၆၄

 

စုစုပေါင်း

၁၀၀၂၅၅၀

၃၄၁၇၄၃.၂၉၆

၁၀၀

 

          -    မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု အဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ကျေးရွာအဆင့်တို့တွင် ကော်မတီအသီးသီးအား ဖွဲ့စည်းကြီးကြပ်ဆောင်ရွက်လျက် ရှိသည်။

-   စီမံကိန်းကျေးရွာများတွင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေထူထောင်၍ မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ဖြင့် ရရှိမည့် အကျိုးကျေးဇူးများ

(က)  ကျေးရွာစိတ်ဓာတ်ဖွံ့ဖြိုးလာအောင် အဆင့်ဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခြင်း၊

( ခ)   ​ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာခြင်း၊

( ဂ)   ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများရရှိလာခြင်း၊

(ဃ)  စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသေးစား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာခြင်း၊

( င)   ဒေသခံပြည်သူများ အကြွေးဝန်ထုတ်ဝန်ပိုးလျော့ကျလာခြင်း၊

( စ)   တိုးပွားလာသောငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊

(ဆ)  စွမ်းဆောင်ရည်မြင့်မားလာခြင်းနှင့် ဒီမိုကရေစီ နည်းလမ်းကျကျ စုပေါင်းညှိနှိုင်း   ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာခြင်း၊

( ဇ)   ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအလေ့အထများ ဖွံ့ဖြိုးလာခြင်း၊

( ဈ)  အသိဉာဏ်နှင့် ဗဟုသုတများ တိုးပွားလာခြင်း၊

(ည)  အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာခြင်း၊

( ဋ)   နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဖော်ဆောင်နိုင်ခြင်းနှင့် အောက်ခြေအဆင့်မှ တင်ပြ ချက်များကို အကောင်အထည်ဖော်နိုင်ခြင်း။

  • စီမံကိန်းကာလ (၃)နှစ် ပြည့်မြောက်ပြီး စတုတ္ထနှစ် (သို့မဟုတ်) အတိုးရငွေ စုစုပေါင်း ကျပ်(၁၀)သန်းနှင့် အထက် ရရှိလျှင် အတိုးရငွေ (၅၀%)ကို ပြန်လည်ထုတ်ချေးပြီး ကျန်(၅၀%)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ပါသည်။
  • ပြည်နယ်/တိုင်းဒေသကြီး(၁၇)ခုတို့တွင် စီမံကိန်းအတိုးရငွေ(၅၀%)ဖြင့် (၅/၂၀၂၀) လအထိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှု အခြေအနေမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(ကျပ်သန်း)

စဉ်

လုပ်ငန်း

အမျိုးအစား

အရေ

အတွက်

အတိုးရငွေ

(၅၀%)မှ

သုံးစွဲငွေ

ပြည်သူ

ထည့်ဝင်ငွေ

စုစုပေါင်း

လမ်း/တံတား

၁၁၀၈

၆၄၁၃.၁၉၄

၁၄၇၆.၆၄

၇၈၈၉.၈၃၄

ရေပေးရေး

၁၂၂

၅၄၉.၆၇၉

၂၉၆.၈၂၅

၈၄၆.၅၀၄

မီးလင်းရေး

၄၂၆

၃၀၃၃.၅၂၄

၃၇၉၈.၇၈၄

၆၈၃၂.၃၀၈

ပညာရေး

၉၅

၅၉၇.၁၈၄

၁၈၆.၂၄၈

၇၈၃.၄၃၂

စာကြည့်တိုက်

၃၂.၂၂

၁၄.၄၇၂

၄၆.၆၉၂

ကျန်းမာရေး

၃၂.၅၁၈

၁၂.၁

၄၄.၆၁၈

ကျေးရွာခန်းမဆောင်

၉၈

၇၉၄.၇၂၇

၂၈၃.၂၂၇

၁၀၇၇.၉၅၄

အခြား

၁၀၇

၄၅၂.၀၇၆

၁၄၄.၅၅၁

၅၉၆.၆၂၇

 

စုစုပေါင်း

၁၈၆၈

၁၁၉၀၅.၁၂၂

၆၂၁၂.၈၄၇

၁၈၁၁၇.၉၆၉

 

 

  • စီမံကိန်းကျေးရွာများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ကောက်နုတ် စစ်ဆေးခြင်း၊ ပြည်နယ်/တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၁၅%၊ ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀%၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၁၀၀% ကွင်းဆင်းစစ်ဆေး ခြင်းများကို ဆောင်ရွက်ရမည်။ ထို့အပြင် ဝန်ထမ်းတစ်ဦးလျှင် စီမံကိန်းကျေးရွာ (၅)ရွာ ပုံသေသတ်မှတ်တာဝန်ပေးအပ်ခြင်းနှင့် M&E ပုံစံများဖြင့် လစဉ်အစီရင်ခံစာ တင်ပြခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

စီမံကိန်းအမည်

မြစိမ်းရောင်ကျေးရွာ စီမံကိန်း

(Evergreen Village Development Project)

ရည်ရွယ်ချက်

(က) အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက် ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊

(ခ)   တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာ အတွက် အမှန်တကယ် လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကိုကျေးရွာမှ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန်၊

(ဂ)     ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော  ဘေးအန္တရာယ်များ ကျရောက်လာပါက တုန့်ပြန်မှု အားကောင်းသော လူမှုအဖွဲ့ အစည်းများ ပေါ်ပေါက်လာစေရန်။
ကာလ  
ထောက်ပံ့ငွေ ပမာဏ အကျိုးကျေးဇူးရရှိသူများ
ဆောင်ရွက်သည့်နေရာ/ အကောင်ထည့်ဖော်ဆောင်ရွက်သည့်နေရာ

ပြည်နယ်/တိုင်းဒေသကြီး(၁၇)ခု

မြို့နယ်(၂၈၉)မြို့နယ်၊ ကျေးရွာ (၁၁၆၅၂)ရွာ
ထောက်ပံ့သည့်အဖွဲ့အစည်း နိုင်ငံတော် ရန်ပုံငွေ
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း

Ecodev Myanmar ၊

Social Policy and Poverty Research Group (SPPRG)၊

Centre for Good Governance (CGG)
ချဉ်းကပ်သည့်ပုံစံ

စီမံကိန်းဆောင်ရွက်မည့် ကျေးရွာတစ်ရွာလျှင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ် သန်း(၃၀)အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ နိုင်ငံတော်ရန်ပုံငွေမှ မတည် ပေးမည်ဖြစ်ပါသည်။ 

ယင်းမတည် ပေးထား သော အရင်းမပျောက်လည်ပတ်ရန်ပုံငွေအား ကျေးရွာအတွင်းရှိ အိမ်ထောင်စုများထံ သက် သာသော အတိုးနှုန်းဖြင့် ထုတ်ချေး၍ ရန်ပုံငွေ တိုးပွားစေကာ ရေရှည်တည်တံ့ လည်ပတ် စေမည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။    

ဆောင်ရွက်မည့် လုပ်ငန်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်း ရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများစသည့် ဝင်ငွေတိုးပွားရေး လုပ်ငန်းများဆောင်ရွက်နိုင် ပါသည်။
အကျိုးကျေးဇူး/ရလာဒ်

(က) ကျေးရွာစိတ်ဓာတ် ဖွံ့ဖြိုးလာအောင် အဆင့် ဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခြင်း၊

( ခ) ​ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွား လာခြင်း၊

( ဂ) ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းနှင့် နည်းပညာများရရှိလာခြင်း၊

(ဃ) စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း နှင့် အသေးစားစီးပွားရေးလုပ် ငန်းများဖွံ့ဖြိုး တိုးတက်လာခြင်း၊

( င)  ဒေသခံပြည်သူများ အကြွေးဝန်ထုတ် ဝန်ပိုး လျော့ကျလာခြင်း၊

( စ)  တိုးပွားလာသောငွေများဖြင့် ကျေးရွာဖွံ့ဖြိုး ရေး လုပ်ငန်းများဆောင်ရွက်နိုင်ခြင်း၊

(ဆ)  စွမ်းဆောင်ရည် မြင့်မားလာခြင်းနှင့် ဒီမို ကရေစီ နည်းလမ်းကျကျ စုပေါင်းညှိနှိုင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိလာခြင်း၊

( ဇ) ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အလေ့ အထများ ဖွံ့ဖြိုးလာခြင်း၊

( ဈ) အသိဉာဏ်နှင့် ဗဟုသုတများ တိုးပွားလာ ခြင်း၊

(ည) အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာခြင်း၊

( ဋ)    နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တစ်ခုဖြစ်သည့် ပြည်သူဗဟိုပြုဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖော်ဆောင်နိုင်ခြင်းနှင့် အောက်ခြေအဆင့်မှ တင်ပြချက်များကို အကောင်အထည်ဖော်နိုင်ခြင်း။

ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ

Ecodev- အမှတ် (၅၃၁-D) မာလာမြိုင် ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့

SPPRG- အမှတ်(၄-D)၊ ၄ လွှာ၊ မြိုင်ဟေဝန် အိမ်ရာ၊ ၈-မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့

                CGG - အမှတ်(၃၄L/၁)၊ စမ်းရေတွင်းလမ်း၊ သာသနာ့ရိပ်သာရပ်ကွက်၊ ဗဟန်း မြို့နယ်၊ ရန်ကုန်မြို့

 

 

 

 

 

 

 

 

# Title / Total Download