စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ Water Aid ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ဒေသရေရရှိရေးလုပ်ငန်း အချက်အလက်များကောက်ယူခြင်း ဒုတိယအကြိမ်ဆရာဖြစ်သင်တန်း (TOT-2) MIS သင်တန်းအား ၃-၁၀-၂၀၁၉ ရက်နေ့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ water Aid မှ တာဝန်ရှိသူများ တတ်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
ယင်း MIS သင်တန်းအား ၃-၁၀-၂၀၁၉ ရက်နေ့မှ ၄-၁၀-၂၀၁၉ ရက်နေ့ထိ ဖွင့်လှစ်ပို့ချသွားမှာဖြစ်ပြီး တက်ရောက်သူ သင်တန်းသား/သူ (၄၂)ဦးမှ မိမိတို့ ပြည်နယ်/တိုင်း နှင့် မြို့နယ်များရှိ ဝန်ထမ်းများအား ပြန်လည် သင်ကြားပို့ချပြီး သက်ဆိုင်ရာ ကျေးရွာရေပေးရေးလုပ်ငန်း အချက်အလက်များအား Mobile စနစ်ဖြင့် ကောက်ယူပြီး MIS စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။