Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ချောက်မြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ နွေရာသီသောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

26 April 24

ချောက်          ဧပြီ            ၂၆

မကွေးတိုင်းဒေသကြီး၊ ချောင်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဥယျာဉ်(ရ)ကျေးရွာနှင့် ကိုးဆူကျေးရွာတို့၌ နွေရာသီကာလတွင် သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် လက်ရှိအသုံးပြုနေသော ရေအရင်းအမြစ်များ ပုံမှန်လည်ပတ်သုံးစွဲနိုင်မှု ရှိမရှိ နှင့် စက်ရေတွင်းများ၏ ကြံ့ခိုင်မှု အခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့် နှင့် ဝန်ထမ်းများသည် ဥယျာဉ်(ရ)ကျေးရွာနှင့် ကိုးဆူကျေးရွာတို့၌ အသုံးပြုလျက်ရှိသော ရေအရင်းအမြစ်များ ပုံမှန်လည်ပတ်သုံးစွဲမှု ရှိမရှိအခြေအနေနှင့် လက်ရှိသောက်သုံးရေသုံးစွဲနေမှုအခြေအနေများကို သက်ဆိုင်ရာ ကျေးရွာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး က ကျေးရွာတာဝန်ရှိသူများအား သောက်သုံးရေပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ရုံးသို့ အချိန်နှင့်တပြေးညီ အသိပေးအကြောင်းကြားရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်၊ ကြောင်ယာတော‌ကျေးရွာ အုပ်စု၊ ဥယျာဉ်(ရ)ကျေးရွာနှင့် မကျီးကန်ကျေးရွာအုပ်စု၊ ကိုးဆူကျေးရွာတို့၌  လက်ရှိအခြေအနေတွင်သောက်သုံးရေအခက်အခဲမရှိသော်လည်း နွေရာသီကာလများတွင် ရေပြတ်လပ်မှုမရှိစေရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် အစီအမံများနှင့် ရေအရင်းအမြစ်များ၏ ကြံ့ခိုင်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း ချောက်မြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။