မြန်မာ နိုင်ငံ၏ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ် များကို အထောက် အကူ ပြုစေရန် အတွက် ကမ္ဘာ့ဘဏ်မှ ကူညီ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ (၈၀) သန်း နှင့် နည်းပညာ ပံ့ပိုး ကူညီမှု ဖြင့် မြန်မာ နိုင်ငံ၌ လူထု ဗဟိုပြု စီမံကိန်း (Community Driven Development - CDD) ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါသည်။
ယခုအခါ စီမံကိန်း ဆောင်ရွက် အောင်မြင်မှု အပေါ် အားရ ကျေနပ်မှု ရှိသောကြောင့် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း(၄၀ဝ) ကိုလည်းကောင်း၊ အီတလီအစိုးရမှ ယူရိုသန်း (၂၀) ကိုလည်းကောင်း အတိုးမဲ့ နှစ်ရှည် ချေးငွေအဖြစ် ရယူ၍ စီမံကိန်းကို တိုးချဲ့ဆောင်ရွက်လာခဲ့ပြီး နှစ်စဉ် နိုင်ငံတော် ဘတ်ဂျက်ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ (၅)သန်းဖြင့် (၆)နှစ်အတွက် သန်း(၃၀)ဖြင့် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ (၅၃၂)သန်းဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်လျက် ရှိပါသည်။
Contents provided and maintained by Ministry of Agriculture, Livestock and Irrigation, Department of Rural Development.
Made by Inspiral Creative