၂၀၁၅-၂၀၁၆ နှစ်အတွင်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖေါ် ဆောင်ရွက်ရန် ရွေးချယ်ခံ ရသည့် မကွေးတိုင်း၊ နေပြည်တော်၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ် တို့တွင် ၂၀၁၅ ဒီဇင်ဘာလ အတွင်း လူထုဗဟိုပြု စီမံကိန်း အကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲများကို အောက်ပါအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
စဉ် မြို့နယ်အမည် တိုင်း/ပြည်နယ် ကျင်းပမည့်နေ့ရက် ကျင်းပမည့်နေရာ
၁။ မင်းတုန်း မကွေးတိုင်း ၁၂.၁၂.၂၀၁၅ မြို့နယ်ခန်းမ
၂။ လယ်ဝေး နေပြည်တော် ၁၅.၁၂.၂၀၁၅ မြို့နယ်ခန်းမ
၃။ ဘီးလင်း မွန်ပြည်နယ် ၁၆.၁၂.၂၀၁၅ မြို့နယ်ခန်းမ
၎။ ကြာအင်းဆိပ်ကြီး ကရင်ပြည်နယ် ၁၈.၁၂.၂၀၁၅ မြို့နယ်ခန်းမ
ယင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး၊ ပြည်နယ် အတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းများအား ဖိတ်ကြားသွားမည် ဖြစ်ပါသည်။
ဆွေးနွေးပွဲတွင် ကျေးရွာ လူထုအတွက် စီမံကိန်းလုပ်ငန်းခွဲများအကြောင်းရှင်းလင်းခြင်းနှင့် အစီအစဉ် အားလုံးကို မြန်မာဘာသာ တစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန်ပေးမည့် အစီအစဉ် ပါဝင်ခြင်းမရှိပါ။
အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေး မိတ်ဘက်အဖွဲ့အစည်းများ အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ငန်းဇွန်မြို့တွင် ကျင်းပမည့် လူထုဗဟိုပြု စီမံကိန်းအကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ရန် စိတ်ပါဝင်စားမှုရှိပါက cdd.drdmyanmar@gmail.com သို့ အစည်းအဝေးကျင်းပရန် သတ်မှတ်ထားသည့် သက်ဆိုင်ရာ မြို့နယ်အလိုက် နေ့ရက်များ မတိုင်မီ ၃ ရက်အတွင်း နောက်မကျစေဘဲ ဆက်သွယ် အကြောင်းကြားပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ဖိတ်စာနှင့်အတူ ဆွေးနွေးပွဲ အစီအစဉ် (မူကြမ်း) အား ပူးတွဲ ပေးပို့အပ်ပါသည်။
ကျော်စိုး
စီမံကိန်း ဒါရိုက်တာ
ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန