Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Cash for Work စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေ

26 October 20

 

Covid-19 ကာလ ပြည်သူများဝင်ငွေရရှိစေရေး မြန်မာနိုင်ငံတစ်ဝှမ်း Cash for Work စီမံကိန်း အောင်မြင်စွာ ဆောင်ရွက်ပေး

  • ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားစဉ်ကာလအတွင်း ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ ရရှိရေးလုပ်ငန်းများ ထိခိုက်မှုဖြစ်ပေါ်လျက်ရှိရာ ယင်းထိခိုက်မှုများကို ကုစားနိုင်ရန်အတွက် (၂၇-၄-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံတော်အစိုးရမှ Covid-19 Economic Relief Plan ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီး ယင်းစီမံချက်၏ Action Plan 2.1.7(d) အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလတာကာလ အတွင်း ကျေးလက်ဒေသများတွင် ကုန်ထုတ်လုပ်မှုနှင့် ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုး ရေး အထောက်အကူပြုစေမည့် Cash For Work (ဝင်ငွေရရှိရေး အလုပ်အကိုင်ဖန်တီးပေး) စီမံကိန်းကို ထောက်ပံ့ရန်ပုံငွေ ကျပ်သန်းပေါင်း(၂၅၀၅၀)ဖြင့် မြို့နယ်(၂၅၉)မြို့နယ်ရှိ ကျေးရွာ ပေါင်း(၂,၅၀၅)ရွာမှ အိမ်ထောင်စုပေါင်း (၃.၉)သိန်းခန့်အား အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါ သည်။
  • ကိုရိုနာဗိုင်းရပ်စ်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက် နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ်(၂၅၉)ရွာမှ ကျေးရွာပေါင်း (၂၅၀၅) ရွာအား တစ်ရွာလျှင် ကျပ်သိန်း(၁၀၀) ထောက်ပံ့ပေးပြီး စီမံကိန်းလုပ်ငန်းခွဲပေါင်း (၄၄၀၂) ခု လျာထားဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင်(၁၀၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါသည်။ Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ၊ ကုန်ထုတ်လမ်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ကျေးရွာတွင်း ရေနုတ်မြောင်းများ တူး‌ဖော်ရှင်းလင်းခြင်း၊ ရေကန်များခြံစည်းရိုး ကာရံခြင်း/တည်ဆောက် ပြုပြင်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ လက်တူးတွင်းများ၊ ရေကန်များ အသစ်တည်ဆောက် ခြင်း/ပြုပြင်ခြင်း၊ မြေသားရေကန်များ ပြုပြင်ခြင်း၊ ဆိပ်ခံတံတားများ၊ တံတားငယ်များ ပြုပြင် ထိန်းသိမ်းခြင်း၊ မြေဖို့လုပ်ငန်းများနှင့် မြေထိန်းနံရံများ ပြုပြင်တည်ဆောက်ခြင်း၊ ကျေးရွာပိုင် အားကစားကွင်းများ ပြုပြင်မွမ်းမံခြင်း၊ စာသင်ကျောင်း များ၊ ဆေးပေးခန်းများ၊ ကျေးရွာခန်းမနှင့် ကျေးရွာစျေးများ ပြုပြင်မွမ်းမံခြင်း အစရှိသည့် ကျေးရွာအခြေခံ အဆောက်အုံဖွံ့ဖြိုးရေး လုပ်ငန်းများအား အဓိကထား ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် သိသာထင်ရှားသော အကျိုး ရလဒ်များ ထင်ကျန်စေခဲ့ပါသည်။
  • ယင်းစီမံကိန်းလုပ်ငန်းခွဲများကို လုပ်သားအင်အား အသုံးပြုရသည့် (Labor Intensive) နည်းလမ်းဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြင့် စီမံကိန်း လုပ်ငန်းခွဲများတွင် လုပ်သားအရေအတွက်(၂.၈)သန်းခန့် ပါဝင်လုပ်ကိုင်ခွင့်ရရှိခဲ့၍ ၎င်းတို့၏ ဝင်ငွေရရှိစေရေး အတွက်လည်းများစွာ အထောက်အကူဖြစ်စေခဲ့ပါသည်။ စီမံကိန်း၏ ရည်မှန်း ချက်အရ ထောက်ပံ့ငွေ၏ (၆၀) ရာခိုင်နှုန်းအား လုပ်အားခပေးချေရန်လျာထားသော် လည်း  မြေပြင်အမှန် ဆောင်ရွက်ရာတွင် လုပ်အားခ(၇၀)ရာခိုင်နှုန်းအား ပေးချေဆောင်ရွက်နိုင်ခဲ့ သောကြောင့် စီမံကိန်းတွင်ပါဝင် လုပ်ကိုင်သူလုပ်သားများအတွက် ဝင်ငွေကျပ်(၁၇) ဘီလီယံ ခန့်ရရှိစေခဲ့ပါသည်။
  • စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု ရှိစေ ရန်နှင့် ဖြစ်ပေါ်လာနိုင်သောအခက်အခဲများအချိန်နှင့်တပြေးညီ ဖြေရှင်းနိုင်ရန်တို့အတွက် ဝေဖန် အကြံပြုတိုင်ကြားခြင်းစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ကျားမ တန်းတူညီမျှမှု ရှိစေရေးအတွက် စီမံကိန်းလုပ်ငန်းခွဲများဆောင်ရွက်မှု လုပ်ငန်းစဉ် အဆင့်ဆင့် တွင် အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှ ပါဝင်စေခဲ့သည်။ တိုင်းရင်းသားလူမျိုး များအားလုံး၊ လူနည်းစုအုပ်စုများ၊ ဘာသာရေးအုပ်စုများ၊ ဆင်းရဲသားများနှင့် အခြားသော ဝိုင်းပယ်ခံအုပ်စု များ (ဉပမာ-မသန်စွမ်းသူများ) အားလုံးကို အပြည့်အဝပါဝင်ခွင့်ရှိပြီး စီမံကိန်း၏ အခွင့်အရေး၊ အကျိုးကျေးဇူးများ အများနှင့်တန်းတူ အပြည့်အဝ ရရှိခံစားခွင့် ရရှိစေရန် ဆောင်ရွက်ပေး နိုင်ခဲ့ပါသည်။