Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တုံ့ပြန်နိုင်စွမ်း​ကောင်း​သောလူထုဖွံ့ဖြိုး​ရေးစီမံကိန်း (Resilient Community Development Project - RCDP) Project Orientation Workshop အား Video Conferencing စနစ်ဖြင့် ကျင်းပ

27 October 20

တုံ့ပြန်နိုင်စွမ်း​ကောင်း​သောလူထုဖွံ့ဖြိုး​ရေးစီမံကိန်း (Resilient Community Development Project - RCDP) Project Orientation Workshop အား  Video Conferencing စနစ်ဖြင့် ကျင်းပ
စိုက်ပျိုး​ရေး၊​မွေးမြူ​ရေးနှင့်ဆည်​မြောင်းဝန်ကြီးဌာန၊​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုး​ရေးဘဏ် (ADB) တို့ ပူး​ပေါင်း၍ တုံ့ပြန်နိုင်စွမ်း​ကောင်း​သောလူထုဖွံ့ဖြိုး​ရေးစီမံကိန်း (Resilient Community Development Project - RCDP) Project Orientation Workshop ကို (၂၆.၁၀.၂၀၂၀)ရက်​နေ့၊နံနက်(၉း၃၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ညွှန်ကြား​ရေးမှူးချုပ် ဦးခန့်​ဇော် ကအမှာစကား​ပြောကြားခဲ့ပါသည်။အဆိုပါ အလုပ်ရုံ​ဆွေး​နွေးပွဲကို ဒုတိယညွှန်ကြား​ရေးမှူးချုပ်များ၊ညွှန်ကြား​ရေးမှူးများ၊ဒုတိယညွှန်ကြား​ရေးမှူးများ၊ ADB မှ တာဝန်ရှိသူများ၊ပြည်​ထောင်စုအဆင့် စီမံကိန်းစီမံခန့်ခွဲ​ရေးအဖွဲ့ဝန်ထမ်းများ၊သက်ဆိုင်ရာ တိုင်း​ဒေသကြီး/ပြည်နယ်(၄)ခု၊ခရိုင်(၇)ခု၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ(၁)ခု၊မြို့နယ်(၁၇)ခု တို့မှ ​ကျေးလက်ဝန်ထမ်းများနှင့် စီမံကိန်းအ​ကောင်အထည်​ဖော်​ရေးအဖွဲ့များ စုစု​ပေါင်း(၁၈၈)ဦး တက်​ရောက်​ဆွေး​နွေးခဲ့ကြ​ကြောင်း သတင်းရရှိပါသည်။