Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လုပ်ကွက်ငယ်တောင်သူများအား ဒီဂျစ်တယ်စနစ် ငွေကြေးထောက်ပံ့မှုဆောင်ရွက်နိုင်ရေး Beneficiary Survey ကောက်ယူမှုသင်တန်းဖွင့်လှစ်ပို့ချ

15 October 20

လုပ်ကွက်ငယ်တောင်သူများအား ဒီဂျစ်တယ်စနစ် ငွေကြေးထောက်ပံ့မှုဆောင်ရွက်နိုင်ရေး Beneficiary 
Survey ကောက်ယူမှုသင်တန်းဖွင့်လှစ်ပို့ချ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
နေပြည်တော် အောက်တိုဘာ ၁၅
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်၍ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် စီမံကိန်း(CFAVC)တွင် ဒီဂျစ်တယ်စနစ် ငွေကြေးထောက်ပံ့မှု (Digital Financing) ဆောင်ရွက်နိုင်ရေးအတွက် Beneficiary Survey ကောက်ယူမှုသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က Video Conferencing စနစ်ဖြင့် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးရဲခေါင်က ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် စီမံကိန်း(CFAVC)မြို့နယ် တစ်မြို့နယ်လျှင် လုပ်ကွက်ငယ် တောင်သူ (၅၀)ဦးနှုန်းဖြင့် စီမံကိန်းမြို့နယ်(၁၄)မြို့နယ်မှ လုပ်ကွက်ငယ်တောင်သူ (၇၀၀)ဦးကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ အကြိုစစ်တမ်းများကောက်ယူသွားမှာဖြစ်ကြောင်း၊ အဆိုပါ ဒီဂျစ်တယ်စနစ်ငွေကြေးထောက်ပံ့မှု (Digital Financing) ဆောင်ရွက်နိုင်ရေး အကြိုစစ်တမ်းကောက်ယူခြင်းနှင့်ပတ်သက်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီလာစိုးက စီမံကိန်းမြို့နယ်များတွင် ဒီဂျစ်တယ်စနစ်ငွေကြေးထောက်ပံ့မှု (Digital Financing) ဆောင်ရွက်နိုင်ရေး အကြိုစစ်တမ်းကောက်ယူခြင်း နှင့် ပတ်သက်သည့် မေးခွန်းပုံစံများ၊ ဖြည့်သွင်းရမည့် အချက်အလက်ပုံစံများအား ရှင်းလင်းပို့ချပါသည်။
ထို့နောက် တက်ရောက်ကြသည့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်နှင့် စီမံကိန်းမြို့နယ်များမှ တာဝန်ရှိသူများက သင်တန်း တွင်ပို့ချခဲ့သည့် မရှင်းလင်းသည့်အချက်အလက်များ အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြကြောင်းသိရသည်။
အဆိုပါ သင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများ၊  စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ Project Management Unit (PMU)မှ တာ၀န်ရှိသူများ စုစုပေါင်း လူဦးရေ ၁၀၀ ကျော်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် စီမံကိန်း(CFAVC)ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့် ကမ္ဘာလုံးဆိုင်ရာစိုက်ပျိုးရေးနှင့် စာနပ်ရိက္ခာဖူလုံရေးအစီစဉ် (GAFSP) တို့ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မြို့နယ်ငါးမြို့နယ်၊ မကွေးတိုင်းဒေသကြီးအတွင်းမှ မြို့နယ်ငါးမြို့နယ်၊မန္တလေး တိုင်းဒေသကြီးအတွင်းမှ မြို့နယ်လေးမြို့နယ် စုစုပေါင်း မြို့နယ်(၁၄)မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် အထိ စီမံကိန်းကာလ ခုနစ်နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကြောင်းသိရသည်။