Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Mini-Grid နှင့် Off-Grid ဆိုင်ရာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကျင်းပ

03 April 24

 နေပြည်တော် ဧပြီ ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Mini-Grid နှင့် Off-Grid ဆိုင်ရာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့ နေလည်(၁၄:၀၀)နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Mini-Grid နှင့် Off-Grid ဆိုင်ရာလုပ်ငန်းအဖွဲ့ ဥက္ကဌ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လုပ်ငန်းအဖွဲ့၏လုပ်ငန်းတာဝန်များနှင့်စ်လျဉ်း၍ ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ လုပ်ငန်းအဖွဲ့၏အဖွဲ့ဝင်များမှ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား အကြံုပြုဆွေးနွေးကြပါသည်။ ထို့နောက် အတွင်းရေးမှူးမှ သုံးသပ်ဆွေးနွေးတင်ပြမှုများအပေါ် Mini-Grid နှင့် Off-Grid ဆိုင်ရာလုပ်ငန်းအဖွဲ့ ဥက္ကဌ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည် ။