Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဘုတ်ပြင်းမြို့နယ်၌ ဆိုလာအသေးစားဓါတ်အားပေးစနစ်များနှင့်စပ်လျဥ်း၍ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်

21 March 24

ဘုတ်ပြင်းမြို့နယ်၌ ဆိုလာအသေးစားဓါတ်အားပေးစနစ်များနှင့်စပ်လျဥ်း၍ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်
 
ဘုတ်ပြင်း မတ် ၂၁
တနင်္သါရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကံမော်ကြီးနှင့် ရေငံကြီး ကျေးရွာနှစ်ရွာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် ဆိုလာအသေးစားဓါတ်အားပေးစနစ် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါကျေးရွာနှစ်ရွာမှ မီးလင်းရေးကော်မတီဝင်များနှင့် စီမံကိန်းကို စိတ်ဝင်စားသည့် ကျေးရွာသူ၊ ကျေးရွာသားများအတွက် ဆိုလာအသေးစားဓါတ်အားပေးစနစ်များနှင့်စပ်လျဥ်း၍ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို မတ် ၂၀ ရက်နံနက် ၉ နာရီခွဲက ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးမျိုးမျိုးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးမျိုးမျိုးနှင့် သင်တန်းနည်းပြများက ဆိုလာအသေးစားဓါတ်အားပေးစနစ်များနှင့်စပ်လျဥ်း၍ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ အသိပညာဗဟုသုတများကို ရှင်းလင်းပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါသင်တန်းသို့ ကံမော်ကြီးနှင့် ရေငံကြီး ကျေးရွာနှစ်ရွာမှ မီးလင်းရေးကော်မတီဝင်များနှင့် စီမံကိန်းကို စိတ်ဝင်စားသည့် ကျေးရွာသူ၊ ကျေးရွာသားစုစုပေါင်း ၃၀ ဦးခန့်တက်ရောက်ပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြများက ဆိုလာအသေးစားဓါတ်အားပေးစနစ်များနှင့်စပ်လျဥ်း၍  ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ အသိပညာဗဟုသုတများကို မတ် ၂၀ ရက်မှ ၂၃ ရက်ထိ လေးရက်ကြာ အခမဲ့ လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မင်းမြင့်မိုရ်